မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းတိုက်စစ်မှုးကိသ်ဟာ ညာဘက် ခြေသလုံးအရိုးဏ်ရာကြောင့်တလနားရမည်ဟုဆေးစစ်ချက်များအရ သိရပါတယ်။ ပြီးခဲ့သော ဖေဖော်ဝါရီလ ၁ ရက်နေ့ကပုသိမ်မြို့တွင် ကစားခဲ့သော မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်၌လိုက်ဘေးရီးယားတိုက်စစ်မှုးဟာအဆိုပါ ဒဏ်ရာ ရခဲ့ခြင်း ဖြစ်ပါတယ်။

photo credit: Shan United FC 's facebook page
photo credit: Shan United FC 's facebook page

အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှုးဟာ ရှမ်းပြည်နယ် ကိုယ်စားပြုအသင်းအတွက်၄ ပွဲကစားပြီးချိန်တွင် ၂ ဂိုးသွင်းယူ ပေးထားပြီး၊အဆိုပါ ဒဏ်ရာကြောင့် ဖေဖော်ဝါရီလအတွင်းကစားမည့် မြန်မာနေရှင်နယ်လိဂ်ပွဲ ၃ ပွဲ(ရတနာပုံ၊ ဇွဲကပင်ယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်) နှင့် အေအက်ဖ်စီပွဲ ၂ ပွဲ (ဖိလစ်ပိုင်ကလပ် ကာရာအက်ဖ်စီ၊ အင်ဒိုနီးရှားကလပ် မာကာစာ) တို့အား လွဲချော်တော့မည် ဖြစ်ပါတယ်။

photo credit: Shan United FC 's facebook page
photo credit: Shan United FC 's facebook page

လက်ရှိ ၄ ပွဲကစားပြီးချိန်တွင် ရှမ်းယူနိုက်တက်အသင်းဟာ ၂ ပွဲနိုင်၊ ၂ ပွဲရှုံး ရလဒ်ဖြစ်နေပြီး၊ ရမှတ် ၆ မှတ် ရရှိကာအဆင့် ၅ နေရာတွင် ရပ်တည်နေပါတယ်။ အနီးဆုံးပွဲစဉ်မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်ရတနာပုံ အသင်းနှင့် ကစားရမည့် ပွဲဖြစ်ပြီးအဆိုပါပွဲအတွက် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မန္တလေးမြို့သို့ ထွက်ခွာမည် ဖြစ်ပါတယ်။

source: Shan United FC 's facebook page 

photo credit: Shan United FC 's facebook page
photo credit: Shan United FC 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။