သဥ္စာကတော့ မကြာခင်မိခင်တစ်ဦးဖြစ်လာတော့မှာလို့ တရားဝင်ကြေညာလိုက်ပါပြီ။ ကိုယ်ဝန်၁ဝပတ်ရှိနေပြီဖြစ်ပြီ အယ်လ်ထရာဆောင်းမရိုက်ရသေးပေမယ့် သွေးကိုစင်ကာပူပို့ပြီးစစ်ဆေးခဲ့တဲ့အခါမှာတော့ သားဦးလေးဖြစ်ကြောင်းသိရပါတယ်။

‘‘သူနဲ့ သဉ္ဇာနဲ့က ချစ်သူဖြစ်ပြီး ချက်ချင်းလာတောင်းတာဆို တော့ မင်္ဂလာဆောင်တာအပါအဝင်မှ နှစ်လလောက်ပဲကြာတယ်။ အဲဒီလိုဆိုတော့ သ ဉ္ဇာတို့က တစ်ယောက်နဲ့ တစ်ယောက်အချိန်ပေး တာနည်းတယ်ပေါ့နော်။ အဲဒါ ကြောင့် တစ်ယောက်နဲ့ တစ် ယောက်အချိန်ပေးချင်တဲ့အတွက် ခြောက်လ၊ တစ်နှစ်လောက် နှစ်ယောက်တည်းနေပြီးမှ ကလေးယူဖို့ စိတ်ကူးထားတာ။ ဒါပေမဲ့ အိမ်ထောင်ကျတာ သုံးလကျော်ပဲရှိ သေးတဲ့အချိန်မှာ အခုက မထင် မှတ်ဘဲရသွားတော့ သ ဉ္ဇာတို့ နှစ် ယောက်လုံးလည်း ကလေးက ကိုယ့်ဆီအရမ်းလာချင်နေလို့ ရ သွားတာလို့ ယုံတယ်။ ပြီးတော့ သူ့ရဲ့အမေကလည်း သူက သား အကြီးဖြစ်တဲ့အတွက်ကြောင့် ကလေးလေးရလို့ ပျော်တယ်။ သ ဉ္ဇာဆိုရင်လည်း အိမ်မှာအငယ် ဆုံးသမီးရဲ့ ကလေးဆိုတော့ သ ဉ္ဇာမိဘတွေကလည်း အရမ်းပျော်နေကြတယ်’လို့ 7days သတင်းဌာနကိုပြောကြားခဲ့ပါတယ်။

ကလေးယူဖို့အစီအစဉ်မရှိသေးခဲ့ပေမယ့် ကိုယ်ဝန်လွယ်ထားရပြီဆိုတာကိုသိတဲ့အခါ တစ်အိမ်လုံးပျော်ရွှင်သွားခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။ ကိုယ်ဝန်ကြောင့်ဘာအပြောင်းအလဲတွေခံစားရလဲဆိုတာကိုတော့ ယခုလိုဖြေကြားခဲ့တာကိုတွေ့ရပါတယ်။

‘‘ဒါကတော့ ကိုယ်ဝန်ဆောင်တဲ့သူတွေဖြစ်နေကျပေါ့။ အစားအသောက်စားလို့ မကောင်းဘူး။ ပျို့တယ်။ လအရမ်းနုနေသေးလို့လည်း ပါမယ်ထင်တယ်။ ဆရာဝန်ပြောတာတော့ သုံးလ၊ လေးလလောက်နေရင် ကောင်းသွားမယ် လို့ ပြောပါတယ်။ ဒါပေမဲ့ ကိုယ့်မှာ ကလေးလေးရှိနေတယ်ဆိုတဲ့ ခံစားချက်က တော်တော်လေး ပျော်ဖို့ ကောင်းတယ်။ ပြီးတော့ သ ဉ္ဇာပြောင်းလဲလာတယ်။ အရင်ကဆို သ ဉ္ဇာဒေါက်ဖိနပ်သဘောကျတယ်။ ဒါပေမဲ့ အခုကိုယ်ဝန်စရှိတယ်ဆိုတာသိတာနဲ့ ဒေါက်ဖိနပ် လုံးဝမစီးဖြစ်တော့ဘူး။ ဖိနပ်ဆိုလည်း လုံးဝအပြား၊ လှစရာမလိုတော့ဘူးပေါ့။ မချော်လဲရင်ပြီး ရောပေါ့။ နောက်သ ဉ္ဇာက အချဉ်အစပ်တွေအရမ်းကြိုက်တယ်။ ဒါပေမဲ့ အခုဆို ကိုယ့်ကလေးအတွက်ရှောင်ဖြစ်တယ်။ ကိုယ့် အမေရဲ့ မေတ္တာတရားတွေကို လည်း ပိုနားလည်ပြီး ပိုသိလာ တယ်။ အခုကိုယ့်အမေရဲ့ သား သမီးအပေါ်ထားတဲ့ စေတနာကို ပိုပြီး တန်ဖိုးထားတတ်လာတယ်။ ပြီးတော့ ကိုယ့်အမေကိုလည်း ပို ပြီး ချစ်လာတယ်’’

Source : 7days

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။