အဆိုတော် မေကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုအခိုင်အမာရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သီချင်းကောင်းလေးတွေနဲ့ ပရိသတ်ရင်ထဲကို ဝင်ရောက်နေရာယူထားနိုင်တဲ့ မေကတော့ သရုပ်ဆောင်ပိုင်းမှာလည်း သူမပါဝင်တဲ့ ဇာတ်ရုပ်တွေမှာ အကောင်းဆုံး သရုပ်ဆောင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။
ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့ သူမကတော့ ချိုသာတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။ သူမကတော့ မကြာခင်ရက်ပိုင်းက GOODBYEဆိုတဲ့ သီချင်းသစ်လေးကို လူမှုကွန်ယက်ထက် တင်ပေးခဲ့ပြီး အဆိုပါသီချင်းသစ်လေးဟာ ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့ပါတယ်။
ယခုမှာတော့ သူမတစ်ယောက် GOODBYEဆိုတဲ့ သီချင်းသစ်ရိုက်ကူးရေးအတွက် ကျောလယ်လောက်ထိ ရှိတဲ့ ဆံပင်ရှည်ကြီးကို ဖြတ်လိုက်ပြီး ကတုံးတုံးပလိုက်ပါတယ်။ သူမကတော့ " GOODBYE” ရိုက်တုန်းက behind the scene ပုံလေးတွေပါဂတုံးရဲ့ step by step ပေါ့ " ဆိုပြီး ပြောထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
source: may 's facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။