Facebook မှာ မြန်မာကားမကြိုက်သူများဖြစ်စဉ်တွင် မြန်မာ့ရုပ်ရှင်၏ အားနည်းချက်များကို ဝေဖန်ထောက်ပြပြောဆိုခြင်းများ ရှိခဲ့ပြီး မြန်မာ့ရုပ်ရှင်အား ပိုမိုအရည်အသွေးကောင်းလာရန်၊ ဖန်တစ်ရာတေဇာတ်ညွှန်းများကို ခဏခဏအသုံးမပြုရန် Facebookသုံးစွဲသူပေါင်း သောင်းနှင့်ချီ၍ ဝင်ရောက်ဆွေးနွေးခဲ့ကြသည်၊ ယင်းအပေါ် ရုပ်ရှင်အစည်းအရုံးဥက္ကဠဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်လူမင်းအား The Voiceမှ တွေ့ဆုံမေးမြန်းခဲ့သောအင်တာဗျူးတွင် သူ၏အမြင်အား ပွင့်ပွင့်လင်းလင်းပြောကြားခဲ့သည်။

"ကျွန်တော်တို့ အနုပညာရှင်တွေဆိုတာ ပရိသတ်တွေ ဝေဖန်ထောက်ပြမှုကို ခံယူပါတယ်။ ဝေဖန်ထောက်ပြတဲ့အထဲမှာလည်း အမှန်တွေများပါတယ်။ ဒါပေမယ့် ဝေဖန်ထောက်ပြတဲ့အဆင့်ဆိုတာကို ကျော်လွန်ပြီးတော့ အုပ်စုဖွဲ့တိုက်ခိုက်ရှုတ်ချခြင်းဆိုတာကိုတော့ ကျွန်တော်တို့ လက်မခံပါဘူး။" ဟု ဝေဖန်နေမှုများအပေါ် ပြန်လည်တုံ့ပြန် ပြောဆိုခဲ့သည်။

ဆက်လက်၍ လူမင်းမှ " အခုချိန်မှာ ဟာသကားတွေများနေတယ်ဆို မှန်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လဲ ရိုက်ဖြစ်ပါတယ်။ ကျွန်တော်တို့လဲ မရိုက်ချင်ပါဘူး။ ဒါပေမယ့် ဘာကြောင့်ရိုက်ရသလဲဆိုတော့ အနုပညာအလုပ်ပေမယ့် စီးပွားရေးလွှမ်းမိုးမှုတွေ အများကြီးရှိနေပါတယ်။ စီးပွားရေးအရ တွက်ခြေကိုက်မယ့် ဇာတ်လမ်းတွေကို ပရိုဂျူဆာတွေက အရိုက်များလာခဲ့တာဖြစ်ပါတယ်။ " ဟု ပြောကြားခဲ့သည်။

ထို့အပြင် " ဘာကြောင့် ဟာသကားတွေရိုက်နေရသလဲဆိုတော့ ကြည့်တဲ့သူတွေရှိနေလို့ပါ။ ကြည့်တဲ့သူမရှိရင် ရပ်ခိုင်းစရာမလိုပါဘူး။ သူ့ဟာသူရပ်သွားပါလိမ့်မယ်။ " ဟု ဆက်လက်ပြောကြားခဲ့သည်။

ယင်းဖြေကြားမှုနှင့်ပတ်သတ်၍ မြန်မာပရိသတ်များမှ ဟာသလုပ်ခဲ့သူများ အများအပြားရှိခဲ့ပြီး ဝေဖန်မှုကြီးစွာကြုံခဲ့ရသည်။

Source : the voice

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။