တရုတ်နိုင်ငံ နယ်စပ်တွင် မြန်မာငွေစက္ကူအတု ထုတ်လုပ်နေသည်ဆိုသည့် သတင်းအား နိုင်ငံတော် ဗဟိုဘဏ်နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ စုံစမ်းလျက်ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

လတ်တလော ဖမ်းဆီးရမိသည့် ငွေစက္ကူအတု ဖမ်းဆီးရမိမှု ဖြစ်စဉ်များမှာ ပြည်တွင်းဖမ်းဆီးရမိလျက်ရှိပြီး ပြည်သူများအနေဖြင့် ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော သတင်းအချက်အလက်များကို စောင့်ကြည့် စေလိုကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ငါးထောင်တန်နှင့် တစ်သောင်းတန် အသစ်များကို လဲလှယ်ပေးလျက် ရှိကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်က တာဝန်ရှိသူတစ်ဦးကနေ ပြောကြားခဲ့ပါတယ်။

တစ်သောင်းတန်အတုအစစ်ခွဲခြားနည်း

၁) အတုတွင်CBM ပါသည့်နေရာမှာ နည်းနည်းပဲကြမ်းပါတယ်။(အစစ်တွင်၄င်းနေရာမှာကြမ်း)

၂) အတုတွင်လည်း ရေစာပါပါတယ်

၃) အတုတွင်လည်း လုံခြုံရေးကြိုးပါပြီး ကြိုးပေါ်တွင်လည်းစာပါပါတယ်။ အလင်းရောင်ထဲထောင်ကြည့်လည်း လုံခြုံရေးကြိုးအပြည့်ပေါ်ပါတယ်။ အရောင်မှာ ခရမ်းတစ်ရောင်တည်းပါ။ (အစစ်တွင် ၄င်းလုံခြုံရေးကြိုးကိုလှုပ်ကြည့်ရင် အဝါနဲ့ ခရမ်းရောင်ပြေးနေပါတယ်)

၄) ပြထားတဲ့ ၁၀၀၀၀ စာလုံးထဲနှင့် ဘေးအပြာနေရာရှိအကွက်လေးများဆေးသားမပြတ်သားပါ။(အစစ်တွင်ဆေးသားပြတ်သားပါတယ်)

၅) မြို့ရိုးဆေးသားမပြတ်သားပါ။ဆေးပြန့်နေပါတယ်။( အဲဒီအချက်ကြောင့်သာသိသာသွားတာ)

Source : eleven media , ba gyee phyo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။