နှစ်စဉ်ကျင်းပနေတဲ့၂၀၁၇ Billboard Music Awards တေးဂီတ ဆုပေးပွဲ ကို လက်စ် ဗေးဂက်စ်မြို့က T-mobile မိုးလုံလေလုံ ခန်းမမှာ (၂၁.၅.၂၀၁၇)နေ့က ကျင်းပခဲ့ပါတယ်။

အခမ်းအနားကတော့ တေးဂီတ နယ်ပယ်က ဂုဏ်သိက္ခာကြီးမားတဲ့ ဆုပေးပွဲဖြစ်နေတာနဲ့အညီအရှိန်အဝါ ကြီးမားစွားကျင်းပခဲ့ပါတယ်။ နာမည်ကြီး အနုပညာရှင်တွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီနှစ်အတွက် တေးဂီတဆုတွေမှာ သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်းဆုံးဆုတွေ ချီးမြှင့်ခဲ့ကြပါတယ်။

အကောင်းဆုံး အနုပညာရှင်ဆုကို ဒရိတ်က ရရှိသွားပါတယ်။ အကောင်းဆုံး မျက်နှာသစ် အဆိုရှင် ဆုကိုတော့ One Direction အဖွဲ့ဝင်ဟောင်း ဇိန်း မာလစ်က ရရှိသွားပါတယ်။အကောင်းဆုံး အမျိုးသမီး အဆိုရှင်ဆုကို ဘီယွန်ဆေးက ရရှိသွားပါတယ်။ အကောင်းဆုံး အမျိုးသား အဆိုရှင်ဆုကို ဒရိတ်ကပဲ ထပ်မံရရှိသွားပြီး၊ အဖွဲ့လိုက် တေးဂီတဆုနဲ့ ပရိသတ်တွေက ရွေးချယ်တဲ့ဆုတွေကို Twenty One Pilots အဖွဲ့က ရသွားပါတယ်။ 

ဒီနှစ်ထူးခြားချက်ကတော့ ကနေဒါ ဟစ်ဟော့ အဆိုတော် ဒရိတ်က ဆုပေါင်း (၁၃) ဆုထိ ရရှိသွားပြီး အရင်က ဆု (၁၂) ဆုရရှိခဲ့တဲ့ အဒဲလ် ရဲ့ စံချိန်ကို ကျော်ဖြတ်သွားတယ်လို့ Billboard ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။နောက်တစ်ချက်ကတော့ ကိုရီးယားကေပေါ့BTS အဖွဲ့ Billboard ဆုရရှိခဲ့မှုပါ။ ပျော်စရာကြီးပါ။

Source: Billboard

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။