ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကျွန်တော်က မကြာခင် ရာထူးတိုးပြီး ဖေဖေ မေမေတွေဖြစ်ကြတော့မဲ့ အနုပညာရှင် စုံတွဲလေးတွေအကြောင်း ဖော်ပြပေးချင်ပါတယ်။ ပထမဆုံးအနေနဲ့ကတော့ ပြည်သူချစ် အဆိုတော် ပရိသတ်တွေက ကလေးလေးလို့ ထင်နေပေမယ့်လည်း မကြာခင် ဖေဖေကြီး ဖြစ်တော့မယ့် အဆိုတော် ဝေလျှံတို့ ဇနီးမောင်နှံပါ။ ဇနီးဖြစ်သူက ရင်သွေးလေးကိုလွယ်ထားပြီ မကြာခဏဆိုသလို ရင်သွေးလေးနဲ့ပတ်သတ်ပြီး ပျော်ဂွှင်ကြည်နူးမှုတွေကို ပရိသတ်တွေဆီ မျှဝေတတ်တဲ့ အဆိုတော် ဝေလျှံလည်း မကြာခင် ရထူးတိုးပြီပေါ့ဗျာ။

ဒုတိယအနေနဲ့ကတော့ မင်းသားကောင်းခန်းတို့ စုံတွဲပါ။ မနှစ်က မင်္ဂလာဆောင်ခဲ့တာဖြစ်ပြီး ယခုဆိုရင်တော့ ဇနီးလေးက ရင်သွေးလေးကို လွယ်ထားရပြီး (၇) လပိုင်းမှာ မီးဖွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ပရိသတ်ကြီးရေ ချစ်ရတဲ့ ကောင်းခန့်လေး ကလေးအဖေ ဖြစ်တော့မယ်တဲ့လေ

နောက်တစ်တွဲကတော့ ပြည်သူချစ် မင်းသမီးလေး သဥ္ဇာနွယ်ဝင်းနဲ့ ကိုလှမျိုးမြင့်တို့ စုံတွဲပေါ့။ သူ့ရဲ့ လူမှုကွန်ယက်ကနေ တရားဝင်ပြောတာမျိုးမရှိသေးပေမယ့် 7Day ဂျာနယ်မှာတော့ ကိုယ်ဝန် ၁၀ ပတ်ရှိနေပြီး သားလေးဖြစ်တယ်လို့ ဆိုပါတယ် ပရိသတ်ကြီးရေ။ ချစ်ရတဲ့ သဥ္ဇာလေးလည်း မေမေကြီးဖြစ်ပြီပေါ့။

နောက်ဆုံးအတွဲအနေနဲ့ ပြည်သူချစ် မင်းသမီး မိုးယုစံပဲဖြစ်ပါတယ်။ မင်းသမီး မိုးယုစံကတော့ အမျိုးသမီးတိုင်းအားကျရတဲ့ မင်္ဂလာပွဲကို တခမ်းတနားဆင်နွှဲခဲ့ပြီး ယခုဆိုရင်တော့ ကိုယ်ဝန်ဆောင် မိခင်ဖြစ်လို့ နေပါပြီ။ ကိုယ်ဝန်အရင့်အမာနဲ့ မေမေကတော့ စိတ်ချမ်းသာနေလို့လားမသိ ပိုပြီးတောင်လှနေပါသေးတယ် ပရိသတ်ကြီးရေ......

Photo Source: Celebrities' Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။