မင်္ဂလာဆောင်ဆိုတာ ပျော်ရွှင်ဖွယ်ရာဆိုပေမယ့် အချို့မင်္ဂလာဆောင်တွေကတော့ နာကျင်ရတယ်၊ငိုချင်တဲ့မျက်ရည်တွေကိုထိန်းသိမ်းရင်းနဲ့ ကျင်းပရတဲ့ပွဲဆိုတာကတော့ ကြေကွဲစရာမင်္ဂလာပွဲတွေမှာတွေ့နိုင်ပါတယ်။ အခုလည်းမြင်ရသူတိုင်း နာကျင် ကြေကွဲရတဲ့ မင်္ဂလာဆောင်ပွဲလေး အကြောင်းတင်ဆက်ပေးလိုက်ပါတယ်။

ဗြိတိန်နိုင်ငံက စုံတွဲတစ်တွဲဟာ လာမဲ့နှစ်မှာ မင်္ဂလာဆောင်ဖို့ စီစဉ်ထားပေမဲ့ ခင်ပွန်းဖြစ်သူက အူလမ်းကြောင်းကင်ဆာနဲ့ ရက်အနည်းငယ်ကြာ နေထိုင်ရတော့မှာ ဖြစ်တဲ့အတွက် ဆေးရုံမှာပဲ မင်္ဂလာဆောင်ခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြထားပါတယ်။ 

အသက်(၄၅)နှစ်အရွယ် Tracy Brooks နဲ့ အသက်(၆၃)နှစ်အရွယ် Ray Kershaw တို့နှစ်ဦးဟာ လာမဲ့နှစ်ရောက်ရင် စပိန်နိုင်ငံ Tenerife မြို့မှာ လက်ထပ်ပွဲ ပြုလုပ်ဖို့ မျှော်လင့်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ရေးလ်ဟာ မတ်လတုန်းက အူလမ်းကြောင်း ကင်ဆာ ရောဂါ ဖြစ်ပွားခဲ့တာကြောင့် သူတို့ရဲ့ အစီအစဉ်ကို ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။ ထရေစီဟာ ရက်ပိုင်းလောက်သာ နေရတော့မဲ့ ရေးလ်နဲ့ ဆေးရုံမှာ လက်ထပ်ဖို့ စီစဉ်ခဲ့ပြီး Gift of a Wedding ပရဟိတအဖွဲ့က သူတို့(၂)ဦး မင်္ဂလာပွဲကို စီစဉ်ပေးခဲ့တာလို့ သတင်းမှာဖော်ပြထားပါတယ်။

Source: dailymail

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။