မျက်နှာပေါ်က နှာခေါင်းတစ်ဝိုက်မှာ ဆားဝက်ခြံတွေကလည်းပေါက် ချွေးပေါက်တွေကလည်း ကျယ်ဆိုပြီး စိတ်ပျက်အားငယ်မနေပါနဲ့။ ဘာလုပ်ရမလည်းဆိုတဲ့ လျှို့ဝှက်ချက်လေးတွေ ပြောပြပေးပါမယ်....

အိမ်တွင်းနည်းလွယ်လွယ်လေးတွေမို့ အဆင်ပြေမှာပါ

1.ရေခဲကပ်ပေးပါ..

အထိရောက်ဆုံးနဲ့အသုံးအများဆုံးနည်းလေးပါနော်.

.ရေအေးဟာချွေးပေါက်တွေကိုကျဉ်းစေတယ်.

.ရေနွေးဟာပိတ်နေတဲ့ချွေးပေါက်တွေကိုပွင့်စေပါတယ်..

ဒါကြောင့်ပထမဆုံးကြက်သီးနွေးရေလေးနဲ့မျက်နှာသစ်ပြီးချွေးပေါက်တွေဖွင့်လိုက်ပါ..

ပြီးရင်မျက်နှာသစ်ဆပ်ပြာနဲ့သေချာသန့်စင်ပါ..ပြီးရင်ကြက်သီးနွေးရေနဲ့ပဲပြန်ဆေးချပါ.

.ရေသုတ်ပြီးတာနဲ့ရေသန့်ရေခဲကိုယူပါ..ချွေးပေါက်ကျယ်တတ်တဲ့ပါးမို့၊ နဖူးနဲ့နှာခေါင်းနေရာတွေကိုအဓိကထားပြီးအသာအယာတို့ထိပေးပါ.

.တစ်နေရာကို စက္ကန့် ၂၀ စီလောက်ပေါ့နော်

..ရေခဲမကပ်ချင်ရင် ရေသန့်ရေအေးနဲ့လဲမျက်နှာသစ်နိုင်ပါတယ်..

2. ရေခဲတဲ့အကန့်လေးတွေထဲကိုခရမ်းချဉ်သီး၊သံပုရာသီးတို့ကိုအရည်ညှစ်..ရေသန့်အနဲငယ်နဲ့ရောပြီး ရေခဲခန်းထဲထည့်ထားပါ ( ပုံမှန်ရေခဲ ခဲသလိုပေါ့နော် )

ခဲပြီဆိုမှ 1. ကနည်းအတိုင်းအသုံးပြုပေးပါ..

ရိုးရိုးရေခဲနဲ့လုပ်တာထက်ပိုထိရောက်ပါသတဲ့..

ရေခဲကပ်တာကို မနက်တကြိမ် ညတကြိမ်ပြုလုပ်ပေးနိုင်ပါတယ်..

ဒီလိုလုပ်ပေးခြင်းဖြင့်သွေးလှည့်ပတ်မှုကောင်းစေတယ်၊ချွေးပေါက်တွေကျဉ်းစေတယ်၊ဝက်ခြံတွေအရောင်ကျစေတယ်၊အသားအရေနီမြန်းတာတွေကိုလျော့ကျစေပါတယ်..

3. ကြက်ဥအကာရေသီးသန့်ကို(အနှစ်ဖယ်ပြီး) ဂွမ်းလေးနဲ့မျက်နှာအနှံ့သုတ်လိမ်းပေးပါ.. အကာရည်တွေကိုမျက်နှာပေါ်အများကြီးလိမ်းစရာမလိုဘူးနော်..နှံ့အောင်လိမ်းရုံဆိုရပါပြီ..ကြက်ဥအကာ ၁လုံးကို ၃ ၄ ခါလောက်သုံးလို့ရပါတယ်နော်..

ပြီးရင် tissue ပါးပါးလေးကိုအသာကပ်ပေးပါ

…ပြီးရင်အကာရေလေးတွေခြောက်တာစောင့်ပေးပါ..

မိနစ် ၂ဝလောက်တော့ကြာတတ်တယ်ရှင့်..( ယပ်ခပ်ရင်းစောင့်လဲရတယ် ပိုမြန်အောင် ? )

ခြောက်တဲ့အချိန်ကြရင် tissue လေးဟာခြောက်ပြီးတင်းနေပါလိမ့်မယ်( ထိကြည့်ရင်လဲ ကြွပ်ဆတ်ဆတ်

လေးဖြစ်နေပါတယ်) ..

ပါးစပ်ဟကြည့်ရင်တောင်သိသာပါတယ်နော် တင်းနေတာက..ဒါဆို tissue လေးကိုအချပ်လိုက်ခွာလို့ရပါပြီ..before နဲ့ after ကတကယ်ကိုကွဲပြားနေတာတွေ့ရမှာပါ.

.အသားလေးကနုချောပြီးကြည်နေပါလိမ့်မယ်.

.နှာခေါင်းကဆားဝက်ခြံတွေလဲ tissue လေးထဲပါကုန်လို့တွေ့ရမှာမဟုတ်တော့ဘူး..

ဒီနည်းလေးဟာအရမ်းလွယ်ပြီး အသားအရေအတွင်းထဲထိသန့်စင်ပေးတယ်.

.ဆားဝက်ခြံအပြင်အညစ်အကြေးတွေကိုလုံးဝပြောင်စင်သွားစေပါတယ်..

ပုံမှန်လုပ်ပေးရင်အညစ်အကြေးကင်းပြီးချွေးပေါက်လဲကျဉ်းစေပါတယ် ( ပိစိလေးတော့ညှီတယ် ကြက်ဥဆိုတော့ )

4.ပျားရည်နဲ့ဒိန်ချဉ်စစ်စစ်ကိုရောပြီးမျက်နှာအနှံ့လိမ်းပါ..

မိနစ်အနည်းငယ်ထားပြီးရေအေးနဲ့ပြန်ဆေးချပါ..

ပျားရည်ကပိုးသေစေတယ်..အရေပြားရဲ့ healing process ကိုမြှင့်တင်ပေးတယ်..

ပိတ်နေတ့ချွေးပေါက်ထဲက bacteria တွေကိုတိုက်ဖျက်ပေးတယ်.

.ဒိန်ချဉ်ကချွေးပေါက်အတွင်းပိုင်းထိသန့်စင်ပေးနိုင်တယ်..တခြားကောင်းကျိုးတွေဲအများကြီးပါ.

.တစ်ပတ် ၂ခါထိလုပ်ပေးနိုင်ပါတယ်..

5. ထောပတ်စစ်စစ်နဲ့ဆား(သို့)သကြား ကိုခပ်ပျစ်ပျစ်ရောပြီး ချွေးပေါက်ကျယ်တဲ့နေရာတွေကိုပုံပေးပါ..

လုံးဝအရည်ခပ်ပျစ်ပျစ်ဖြစ်အောင်ဖျော်ပါနော်.

.အပူပေးပြီးဖျော်လဲရပါတယ်..

scrub လိုသကြားမှုန်တွေမကျန်ပါစေနဲ့..

ဒီအရောဟာချွေးပေါက်ပိတ်တာတွေကိုပွင့်စေပြီးသေးငယ်သွားစေပါတယ်တဲ့..

6. ကြက်သွန်ဖြူ ၂ လုံး၃လုံးနဲ့ ခရမ်းချဉ်သီး တစ်ဝက်ကိုရောချေပြီးအရေဖြစ်အောင်မွှေပါ..၁၅မိနစ် လောက်ထားပြီးပြန်ဆေးချပါ..

7. ဆလပ်ရွက်လတ်လတ်ဆတ်ဆတ်ကိုခြေပြီးအရည်ညှစ်ပါ.

.သံပုရာရည်အနည်းငယ်ထည့်ပါ..ဆလပ်ရည်၁ဇွန်းဆိုသံပုရာရည်ကို ၁စက် ၂စက်ခန့့်သာထည့်ပါ

..မိနစ် ၂ဝခန့်ထားပြီးရေပြန်ဆေးချပါ..

ကြက်ဥအကာနဲ့ရေခဲကတော့ကိုယ်တိုင်လဲခနခနကိုလုပ်ဖြစ်ပါတယ်..တကယ်ကိုသိသာလို့..

Pore problems အတွက်အဓိကအဖြေက toner ပါ

..ဆားဝက်ခြံတွေဆိုလဲညှစ်တုန်းကုတုန်းတော့ပျောက်သွားတယ်

..ပြီးရင်ပြန်ဖြစ်မှာပါပဲ..ဒါဟာချွေးပေါက်တွေကျယ်နေသေးလို့ပါ

..အပေါ်ကနည်းတွေဟာ mask လို ပြန်ဆေးချတဲ့နည်းတွေပါ.

.ပြန်ဆေးချစရာမလိုတဲ့ Homemade toner လုပ်နည်းလေးတွေပြောပြပါမယ်နော်..

1. သခွားသီး၊ခရမ်းချဉ်သီးနဲ့ဆလပ်ရွက်တွေကိုဖျော်ရည်စက်နဲ့ကြိတ်ပါ

..သံပုရည်အနဲငယ်ကိုညှစ်ထည့်ပါ.

.သဘာဝတိုနာအနေနဲ့သုံးနိုင်ပါတယ်.

.ချွေးပေါက်တွေကိုသိသိသာသာကျဉ်းစေတဲ့အပြင်အသားအရောင်ကိုဝင်းလာစေပါတယ်..

2. Organic Green tea bag လေးတွေကိုရေနွေးနဲ့စိမ်ပါ.

.ရလာတဲ့အရေကိုအအေခံပြီး apple cider vinegar ရောထည့်ပါ.

. green tea ၃ ဆ acv ၁ ဆ ထည့်ပါ.. အဆီပြန်ပြီးဝက်ခြံထွက်တတ်တဲ့သူတွေအတွက်လဲကောင်းပါတယ်နော်.. Green tea ရော ACV ရော City mart မှာအလွယ်တကူရပါတယ်နော် ( ဒီတိုနာကကျွန်မလက်ရှိသုံးနေတာပါရှင့်၊တကယ်ကောင်းပါတယ် )

ချွေးပေါက်ကျယ်ခြင်းဟာမျက်နှာပေါ်ကပြသနာတွေရဲ့အဓိကတရားခံဖြစ်ပါတယ်.

.ဆားဝက်ခြံ၊ဝက်ခြံအမျိုးမျိုး တွေရဲ့အရင်းအမြစ်ပေါ့လေ xD ဒါ့ကြောင့်အပေါ်ကနည်းလေးတွေကိုစိတ်ရှည်ရှည်အသုံးပြုပေးပါ

..ချွေးပေါက်တွေလုံးဝမကင်းစင်စေပေမယ့် တကယ်ကိုသိသိသာသာကျဉ်းစေပါတယ်နော်( ချွေးပေါက်လုံးဝကင်းစင်ဖို့ဆိုတာလဲမဖြစ်နိုင်သလောက်ကိုခက်ခဲပါတယ်တဲ့ )

Source: Beauty By Sandi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။