လက်တလောမလေးရှားမှာအတော်လေးလူပြောများနေတဲ့ ဝန်ထမ်းလေးအကြောင်းတင်ပြလိုက်ပါတယ်။ မကြာသေးခင်က ဖွင့်လှစ်ခဲ့တဲ့ အရက်ဘားကိုလာရောက်စားသောက်တဲ့ ဝယ်ယူသူတစ်ဦးက အရက်ဘားမှာဝန်ဆောင်မှုပေးနေတဲ့ မိန်းကလေးငယ်အလှကိုသတိပြုမိရာကနေ “နှလုံးသား အလင်းရောင် ငါရှာတွေ့ပြီး” ဆိုပြီး ဝန်ထမ်းမိန်းကလေးပုံနဲ့အတူ လူမှုကွန်ရက်မှာ စတင်ကာ Post တင်ရာကနေ နောက်ဆုံးမှာတော့ အဆိုပါဝန်ထမ်းမိန်းကလေးက ထင်ရှားလာပါတယ်။ ယင်း post ကတော့ အဆိုပါအရက်ဘားမှာ လာရောက်ဝယ်ယူနေတဲ့ Customer တွေကို အရောင်းဝန်ထမ်းမိန်းကလေးက ပြုံးပြရင်း အရက်ဘားကနေ ဝန်ဆောင်မှုပေးနေတဲ့ ပုံကို လူမှုကွန်ရက်မှာတင်ခဲ့တာပါ။

အဆင့်ဆင့်ပြန်လည်မျှဝေရင်းအင်တာနက်အသုံးပြုသူတွေက အဆိုပါဝန်ထမ်းမိန်းကလေးကို သိရှိလာပြီးနောက်၊ လူမှုကွန်ရက်မှာလည်း သူမအကြောင်းတွေကို ရှာဖွေခဲ့ကြပါတယ်။ Hazel Chen လို့လည်းသူ့ကိုသိကြပါတယ်။သူမက လက်ရှိမှာတော့ facebook Follower ပေါင်း ၂သောင်းကျော်နဲ့တကွအင်စတာဂရမ်မှာ ၃သောင်းကျော်ရှိနေပါပြီ။

သူကို့တင်စားပုံကတော့ ညို့ယူနိုင်စွမ်းပြင်ထန်းလွန်းလို့ ပုရိသတွေတောင်မကြာခဏ ရေဆာလေ့ရှိတယ်လို့ အင်တာနက်လူမှုကွန်ရက်မှာပြောစမှတ်ပြုလောက်တဲ့အထိ ထင်ရှားတာပါ။ပုရိသတွေရေဆာရတာကတော့ သူမထံကနေ ရေကို မကြာခဏ သွားသွားတောင်းသောက်နေရလို့ အင်တာနက်မှာတင်စားပြောဆိုထားကြပါတယ်။

Source: The Stomp

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။