၂၀၁၇ ခုနှစ် ဇွန်လ (၂၈) ရက်မှာ KBZ Bank Cup 2017 ပြိုင်ပွဲကြီးကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းကြီးမှာ ကျင်းပပြုလုပ်သွားမှာပါ။ ဒီပြိုင်ပွဲကို အိမ်ရှင် မြန်မာ ယူ-၂၂ အသင်း၊ ဟောင်ကောင် ယူ-၂၂ အသင်း၊ ကမ္ဘောဒီးယား ယူ-၂၂ အသင်းနဲ့ ဂျပန်တက္ကသိုလ် လက်ရွေးစင်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ 

KBZ Bank Cup 2017 ပြိုင်ပွဲမှာ ချန်ပီယံအသင်းကို ချန်ပီယံ ဆုဖလား၊ ဆုတံဆိပ်နဲ့ အမေရိကန်ဒေါ်လာ တစ်သောင်း၊ ဒုတိယရရှိတဲ့အသင်းကို ဆုတံဆိပ်နဲ့ အမေရိကန်ဒေါ်လာ ငါးထောင် ချီးမြှင့်ပေးမှာပါ။ ဒါ့အပြင် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားနိုင်တဲ့ ကစားသမားကို အကောင်းဆုံးကစားသမားဆု (MVP Award) ၊ ဂိုးသွင်းအများဆုံး ကစားသမားကို ဂိုးသွင်းအများဆုံးဆု (Golden Boot Award) တို့ကိုလည်း ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။

မြန်မာအသင်းပွဲစဉ်များ

မြန်မာ ယူ-၂၂ အသင်းဟာ ဇွန်လ (၂၈) ရက်နေ့မှာ ကမ္ဘောဒီးယားအသင်း၊

ဇွန်လ (၃၀) ရက်မှာ ဟောင်ကောင် ယူ-၂၂ အသင်း၊

ဇူလိုင်လ (၂) ရက်နေ့မှာ ဂျပန်တက္ကသိုလ် လက်ရွေးစင်အသင်း၊

Source: MFF

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။