မြန်မာနိုင်ငံကို လာရောက်သွားတဲ့ထိုင်းမင်းသား မာရီယိုနဲ့ပါတ်သတ်ပြီး မြန်မာပရိတ်သတ်တွေကြား

စိတ်ဝင်စားမှုများပြားလာခဲ့ပါတယ် ။ မာရီယိုဟာ ထိုင်းမှာနာမည်အကြီးဆုံးမင်းသားတစ်လက်ပါ ။

သူကမြန်မာနိုင်ငံကိုလာရောက်ခဲ့တာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး ။ အရင်ကလဲလာရောက်ခဲ့ဖူးပြီး ခုတစ်ကြိမ်က တတိယအကြိမ်ပါ ။

အရင်တစ်ခေါက်မြန်မာနိုင်ငံကိုလာရောက်ခဲ့စဉ်က မင်းသမီးချောလေး ယွန်းယွန်းနဲ့လဲတွေ့ဆုံခဲ့ဖူးပါတယ် ။

မာရီယိုဟာ ယခုတစ်ခေါက်ခရီးစဉ်မှာ ရွှေတိဂုံဘုရားကို သွားရောက်ဖူးမျော်ခဲ့ပါတယ် ။ ထိုပုံလေးတွေကိုမြင်တွေ့တော့

ယွန်းယွန်းက သူမရဲ့ လူမှုကွန်ယက်မှာ  

" သူ ရွှေတိဂုံဘုရားသွားဖူးတာတွေ့ရတော့..

လွန်ခဲ့တဲ့၂နှစ်လောက်က သူ့ကိုရွှေတိဂုံဘုရားပုံပါတဲ့ golden plate လေးလက်ဆောင်ပေးဖူးတာပြန်သတိရတယ်.. အဲ့ဒီကတည်းကသူက "သူသိတယ်၊ သွားချင်တယ်" ဆိုပြီးပြောခဲ့သေးတယ်.. ၂နှစ်ကြာသွားပေမယ့် ရောက်ဖြစ်သွားတာဝမ်းသာပါတယ် ☺?? "

လို့ မာရီယိုနဲ့ တွေ့ဆုံစဉ်က ရွှေတိဂုံဘုရားနဲ့ပါတ်သတ်တဲ့ အမှတ်တရဖြစ်ရပ်လေးကို ပြန်လည်ပြောပြထားခဲ့တာပဲဖြစ်ပါတယ် ။

မာရီယိုကလဲ ရွှေတိဂုံဘုရားဝင်ဖူးရင်း ဘုရားပေါ်မှာဆုံတဲ့ ပရိတ်သတ်တွေနဲ့ ဓါတ်ပုံတွဲရိုက်ပေးသွားခဲ့တာကိုတွေ့ရပါတယ် ။

Source : Yoon Yoon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။