များသောအားဖြင့်ပြောရမယ်ဆိုရရင်တော့ Hacker ဆိုတာ အမျိုးသားတွေပဲ ပိုမိုလုပ်ကိုင်ကြပါတယ်။ ကာလကြာရှည်ပင်ပန်းမှုဒဏ်နဲ့အလုပ်အပေါ် စိတ်နှစ်ထားမှုစံနှုန်းအရ Hacker အလုပ်ကိ ုအမျိုးသားတွေ အများဆုံး လုပ်ကြတာ မဆန်းပါဘူး။ ဒီတစ်ခေါက် ဆန်းပြားသွားရတဲ့ အချက်ကတော့ အမျိုးသမီး Hacker ၅ယောက်ကို မိတ်ဆက်ပေးမှာပါ။ တူညီချက်တစ်ခုကတော့ ၅ယောက်စလုံး အချောအလှတွေဖြစ်သလို ဉာဏ်ပညာ ရှေ့ပြေးလွန်းတဲ့သူတွေပါ။

၁။ ။အန်နာ ချက်မန် (Anna Vasilyevna Chapman)

- Sexy အကျဆုံး ပထမဆုံး အမျိုးသမီး Hacker တစ်ဦးပါ။

-၁၉၈၂ ဖေဖေါ်ဝါရီ ၂၃ မှာမွေးခဲ့တဲ့ ရှရှားနိုင်ငံသူဖြစ်ပါတယ်။

-နယူးယောက်မှာနေရင် တရားမဝင်အပြုအမှုကြောင့် ၂၀၁ဝမှအဖမ်းခံရပါတယ်။နောက်ဆုံးမှာတော့ ရှရှားနိုင်ငံကိုပဲ ပြန်လာခဲ့ပါတယ်။ 

၂။ ။အဲဒီနာ ကွတ် (Adeanna Cook)

- Sexy အကျဆုံး ဒုတိယမြောက် အမျိုးသမီး Hacker တစ်ဦးပါ။

-ထူးခြားချက်က လိင်အသားပေးပုံတွေရိုက်တဲ့ Playboy မဂ္ဂဇင်း မော်ဒယ်တစ်ယောက်ပါ။

- အဝတ်မဲ့သူမပုံတွေအခြားစာမျက်နှာတွေရောက်နေတာကြောင့်လိုက်လံဆယ်ယူရင်း Hacker ဖြစ်လာသူပါ။ 

၃။ ။ ရင် ခရက်ကာ (Ying Cracker)

-အခြေခံ ကွန်ပျုတာ ဟက်နည်းအခြေခံတွေ သင်ကြားပေးနေတဲ့ ဆရာမတစ်ယောက်ပါ။

- တရားဝင်ဆော့ဝဲလ် Full Version ကိုပိုက်ဆံပေးရန်မလိုဘဲ Crack ဖြေနိုင်ဖို့ဆရာတစ်ဆူလိုတော်လို့သူ့ကို Cracker လို့ အမည်ပြောင်ပေးထားတာပါ။

၄။ ။ ခရစ္စတီနာ စဗက်ချင်ကာယာ (Kristina Svechinskaya)

- ရုရှား အလန်းစား ဟက်ကာတစ်ယောက်အဖြစ် နည်းပညာနယ်ပယ်မှာထင်ရှားသူပါ။

- Bank of America နဲ့ Bank of Wachovia ကိုဖောက်ထွင်းပြီး ဒေါ်လာ ၃ သန်းလောက်ကို ခိုးသွားနိုင်ခဲ့တဲ့ မိန်းကလေးပါ။

- လက်ရှိမှာတော့ဖမ်းဆီးထားတယ်လို့သိရပါတယ်။

၅။ ။ ရှောင် ရှန် (Xiao Tian)

- ၁၈ နှစ်အရွယ်ကတည်းက Hacker အသင်းအဖွဲ့တွေစတင်တည်ထောင်ခဲ့သူပါ။

-၁၉နှစ်မှာ တရုတ်နည်းပညာလောက ကလူတိုင်းသိကြတဲ့ မိန်းကလေးHacker ပါ။

-နောက်တစ်ချက်က ကိုယ်ခံပညာကိုပါ တက်ကျွမ်းသူတစ်ယောက်ပါ။

Source: technologers.com

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။