အွန်လိုင်းပေါ်မှာ လိင်ဆွဲဆောင်မှုရှိတဲ့ အလှအပတွေနဲ့ နာမည်ကြီးတဲ့ ထိုင်းသူနာပြုမလေးက (၂၂.၅.၂၀၁၇)နေ့ကပဲ တော့ အလုပ်ကထွက်ခဲ့တယ်လို့ Newdaily မှာဖော်ပြထားပါတယ်။

အလုပ်ထွက်ရတဲ့ အကြောင်းရင်းကတော့ အသက် ၂၆ နှစ်အရွယ် ပယ်ရီခက်တ် ချက်တ်ဆရီဟာ ထိုင်းနိုင်ငံ သူနာပြုများအသင်းအဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ကနေတဆင့် စစ်သားတွေနဲ့ ပတ်သက် ဆက်နွယ်မှုအပေါ် စနောက်လှောင်ပြောင်ခဲ့တာကနေ အခုလို အလုပ်ထွက်ခဲ့ရတဲ့ အထိဖြစ်ပျက်ခဲ့တာပါ။

“ စစ်တပ်ဟာတင်းကျပ်လွန်းတဲ့အတွက် စစ်သားတွေဟာ သူနာပြုတွေနဲ့ ကလူကျီစယ် မနေသင့်ဘူး” လို့ အကြံပြုပြောဆိုပြီး သူမရဲ့ဆွဲဆောင်မှုရှိတဲ့ ပုံတွေကိုဝေမျှခဲ့တာပါ။မျှဝေမှုအောက်ကနေ အပြန်အလှန် အငြင်းပွားပြောဆိုမှုတွေ တက်လာပြီး နောက်ပိုင်းမှာတော့ပယ်ရီခက်တ် ချက်တ်ဆရီကို ဆေးရုံပိုင်ရှင်က ခေါ်တွေ့ခဲ့ကာ မသင့်တော်တဲ့ သူမရဲ့ အပြုအမူအတွက် သတိပေးခဲ့ရသလိုနောက်ဆုံးမှာတော့ အလုပ်ကနေထွက်ခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။ 

အလုပ်ကနေမထွက်ခင် ပယ်ရီခက်တ် ပြသနာအရပ်ရပ်အတွက်တောင်းပန်းကြောင်းနဲ့ နောက်ပိုင်းသူမအပြုအမှုတွေကိုထိန်းသိမ်း သွားမယ်လို့ကတိစကားဆိုခဲ့ပါတယ်။ဒါပေမယ့်အနာဂတ်အလုပ်အကိုင်အတွက် ဘာကိုရည်ရွယ်ထားလဲဆိုတာကိုတော့ သတင်းမှာမဖော်ပြထားပါဘူး။

Source:New Daily

Aung  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။