ဒီတစ်ခါတော့ မြန်မာဆယ်ကျော်သက်ပရိတ်သတ်တွေကြားရေပန်းစားတဲ့မင်းသားတစ်လက်နဲ့ မိတ်ဆက်ပေးချင်ပါတယ် ။

Ugly Duckling ဇာတ်လမ်းတွဲတွေထဲက လိုက်ဖက်တဲ့ CU နဲ့ မာမိ အတွဲကိုသိကြတဲ့သူတွေ တော်တော်များပါတယ် ။

အဲဒီအတွဲလေးထဲက CU အနေနဲ့ သရုပ်ဆောင်တဲ့မင်းသား Sean ရဲ့ အကြောင်းလေးတွေ တင်ပေးလိုက်ပါတယ်နော် ။

မင်းသားရဲ့ အမည်အရင်းက Sean Jindachot ပါ ။

Thorn လို့လဲလူသိများပါတယ် ။ မွေးနေ့ကတော့ October 27, 1988 ပါ ။

အရပ်ကတော့ ၅ ပေ ၇ လက်မရှိပါတယ်တဲ့ ။

တစ်ဦးထဲသော အမ ဖြစ်သူကလဲ မင်းသမီးပါ ။ Ploy Chindachote လို့ခေါ်ပါတယ် ။

အချစ်ရေးမှာတော့ လက်ရှိ ချစ်သူမရှိဘဲ Single ပါပဲတဲ့ ။

Screen ပေါ်မှာမင်းသမီး Esther နဲ့ အရမ်းလိုက်ဖက်လို့ စုံတွဲ ဖြစ်စေချင်ပေမယ့် Esther မှာတရားဝင် Relationship ရှိပြီးသားပါ ။

သူရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားတွေကတော့

Long Weekend (2013)

Ghost Ship (2015)

Pee Mak as Ping (2013) တို့ပါ ။

ဇာတ်လမ်းတွဲတွေကတော့ အများကြီးပါပဲ ။

ဇာတ်လမ်းတွဲတွေထဲက

Leh Ratree 2015

Ugly Duckling Series

Ngao Asoke 2016 တို့နဲ့ ကျော်ကြားပါတယ် ။

သူ့ ဇာတ်ကားလေးတွေ ကြည့်ပြီးကြပြီလား ?

ကိုယ်အားပေးတဲ့ မင်းသားလေးဆို like and share လုပ်ဖို့မမေ့နဲ့ဦးနော် ... 

Source : sharerice

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။