ပရိသတ်ကြီးရေ....ဒီတစ်ခါမှာတော့ ကမ္ဘာ့သမိုင်းဝင် ရှားပါးမှတ်တမ်းပုံရိပ် (၅)ပုံ အကြောင်းကို ဗဟုသုတဖြစ်ဖွယ် ကြည့်ရှုခံစားရအောင် ရေးသားတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ထိုပုံရိပ်တွေအကြောင်း မတင်ဆက်သေးခင်မှာ လတ်တလောအနုပညာလှုပ်ရှားမှု၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ကမ္ဘာ့ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့တပြေးညီတင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားပေးဖို့ ပြောကြားချင်ပါတယ်နော်။

photo credit သံ ဇဉ် မိုးဇတ်

ပထမဦးမြင်တွေ့ရမယ့် ပုံရိပ်လေးရဲ့ အကြောင်းကို ပရိသတ်ကြီးသိရှိသွားမယ်ဆိုရင် တစ်ကယ့်ကို အံ့အားသင့်သွားစေမှာ အမှန်ပင်ဖြစ်ပါတယ်။ အက ပါရမီအခံရှိတယ်လို့ပြောရမယ့် ဝါသနာဗီဇချင်းတူတဲ့သူတွေ ရေစက်ဆုံပြီး တွေ့ကြတဲ့အခါမှာတော့ အကစူပါစတားများ ဖြစ်ခဲ့ကြပါတယ်။ အကြောင်းကတော့ ၁၉၆၁ ခုနှစ်မှာ Aldershot ဆိုတဲ့ ကလပ်တွင် လူ၁၈ ယောက်ဟာ အတွဲညီညီ တစ်နှစ်ခွဲခန့်ကြာ ကခဲ့ကြပြီးတဲ့နောက်မှာတော့ အကစူပါစတားများ ဖြစ်ခဲ့ကြပါတယ်။

photo credit သံ ဇဉ် မိုးဇတ်

နောက်ထပ်မြင်တွေ့ရမယ့် ပုံရိပ်လေးရဲ့ သမိုင်းကြောင်းကတော့ ၁၉၆၁ ခုနှစ် Disney ကာတွန်းကုမ္ပဏီကြီးရဲ့ အလုပ်သမားတွေက ဈေးသက်သာတဲ့ ထမင်းဆိုင်မှာ အလှည့်ကျ တန်းစီရပ်စောင့်နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၆၀ ခုနှစ် နယူးယောက်မြို့တော်ကြီးရဲ့ ပထမဦးဆုံး ရွေ့လျားရေကူးကန်ကြီး ပုံရိပ်ကလည်း ပရိသတ်တွေကို အံ့အားသင့်ဖွယ် ရသတွေ ပေးစွမ်းနေမှာ ဖြစ်ပါတယ်။ နောက်ဆုံး ချစ်စဖွယ်ကောင်းတဲ့ သမင်လေးနဲ့အတူ မြင်တွေ့ရမယ့် ရှေးအင်္ဂလိပ်မင်းသမီး Audrey Hepburn တို့ရဲ့ ဈေးဝယ်ထွက်နေတဲ့ ပုံရိပ်လေးဟာလည်း မြင်သူတကာရဲ့ ရင်ထဲကို ကြည်နူးအေးမျှသွားစေမှာ အမှန်ပင် ဖြစ်ပါတယ်။ အဲ့မင်းသမီးကြီးက ခေသူတို့မဟုတ်ပါ.... "Roman Holiday (1953)" ရုပ်ရှင်ဇာတ်ကားကို မင်းသာကြီး Gregory Peck နဲ့ရိုက်ကူးခဲ့ပြီး Oscar ဆု ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

source သံ ဇဉ် မိုးဇတ်

photo credit သံ ဇဉ် မိုးဇတ်

photo credit သံ ဇဉ် မိုးဇတ်
photo credit သံ ဇဉ် မိုးဇတ်

သတင်း ဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။