မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် အမေရိကန်သံရုံး (မြန်မာ) တို့၏ ချစ်ကြည်ရေးပူးပေါင်း ဆောင်ရွက်မှုအဖြစ် Sports Visitors Program လေ့လာရေး အစီအစဉ်အတွက် နည်းပြ (၁၄) ဦးကို အမေရိကန်နိုင်ငံသို့ စေလွှတ်သွားမည်ဖြစ်ပါတယ်။အမေရိကန်နိုင်ငံသို့ လေ့လာရေးခရီးစဉ်ကို ၂၀၂၀ပြည့်နှစ် မတ်လအတွင်း စေလွှတ်သွားမည်ဖြစ်ပါတယ်။

photo credit: MFF's facebook page
photo credit: MFF's facebook page

အဆိုပါ အစီအစဉ်မှာ ရပ်ရွာဒေသအတွင်းရှိ ဘောလုံးအားကစားကို စိတ်ပါဝင်စားသော လူငယ်လူရွယ်များအား လေ့ကျင့်သင်ကြားပေးကာ လူငယ်များ ရင်ဆိုင်ကြုံတွေ့နေရသည့် မူးယစ်ဆေးပြဿနာများကို ကူညီဖြေရှင်းပေးရန်ဖြစ်ပြီး အရည်အချင်း ပြည့်ဝသည့် စေတ နာ့ဝန်ထမ်း၊ အပျော်တမ်း ရပ်ရွာဘောလုံးနည်းပြဆရာ (Community Coaches)များအား အမေရိကန် နိုင်ငံအတွင်း ဘောလုံးအားကစားနည်းကို အသုံးပြု၍ ရပ်ရွာအတွင်း တိုးတက်စေရန် လုပ်ဆောင်နေသော အစီအစဉ်များအား လေ့လာရန်နှင့် မိမိတို့ရပ်ရွာအတွင်း ပြန် လည်အသုံးချလုပ်ဆောင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။

photo credit: MFF's facebook page
photo credit: MFF's facebook page

အမေရိကန်သံရုံး (မြန်မာ)က Sports Visitors Program လေ့လာရေး အစီအစဉ် အတွက် ရွေးချယ်ထားသော နည်းပြ (၁၄) ဦးမှာ ၁။ ဦးမျိုးအောင် ( နည်းပြ၊ Yangon United Football Academy)၂။ ဦးဘုန်းညွန့်ကို (Grassroots ဒါရိုက်တာ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)၃။ ဦးဇာနည်အုဏ်းခင် ( တွဲဖက်အတွင်းရေးမှူး၊ လွိုင်လင်မြို့နယ် ဘောလုံးအဖွဲ့ချုပ်၊ Loilem United F.C)၄။ ဦးဇာနည်ထွန်း( နည်းစနစ်မှူး၊ အား/ကာ ဦးစီးဌာန၊ မြစ်ကြီးနားခရိုင်)၅။ ဦးကျော်မင်းဦး ( စာရင်းကိုင် - ၂ အားကစားတွဲဖက်၊ မန္တလေးအဝေးသင် တက္ကသိုလ်၊ ပညာရေး ဝန်ကြီးဌာန)၆။ ဦးကျော်စွာခိုင် ( တပ်ကြပ်/ သူနာပြု၊ အရှေ့တောင်တိုင်း စစ်ဌာ နချုပ်၊ မော်လမြိုင်မြို့)၇။ ဦးကျော်ဇောဝေ ( အလယ်တန်းပြ(ကာယ)၊ အ.လ.က၊ နောင်ထလုံး(၁)၊ ဘားအံ့မြို့)၈။ ဒေါ်အေးအေးနိုင်( ဦးစီးအရာရှိ(ကာယ)၊ ပညာရေးမှူးရုံး၊ စစ်တွေခရိုင်)၉။ ဒေါ်ဝင်းဝင်းလှိုင် ( ဒုဦးစီးမှူး(ကာယ)၊ ပညာရေးမှူးရုံး၊လိူင်သာယာမြို့နယ်)၁၀။ဒေါ်ချစ်ပန်းညို( ဒုဦးစီးမှူး(ကာယ)၊ ပညာရေးမှူးရုံး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့)၁၁။ ဒေါ်အိအိအောင်( လ/ထ နည်းပြ၊ မြဝတီအက်ဖ်စီ အမျိုးသမီး ဘောလုံးအသင်း)၁၂။ ဒေါ်နှင်းနန္ဒာခိုင် (အလယ်တန်းပြ(ကာယ)၊ အ.ထ.ကခွဲ၊ ဖိုးဂေါင်၊ သာယာဝတီမြို့)၁၃။ဒေါ်ဖြိုးဖြိုးမောင်( ဦးစီးအရာရှိ၊ အား/ကာ ဦးစီးဌာန၊ ကချင်ပြည်နယ်)၄။ဒေါ်ဖော်ဂျုံးပရီနန်း (အားကစားမှူး ၊ အား/ကာ ဦးစီးဌာန၊ ဝိုင်းမော်မြို့နယ်)တို့ဖြစ်ကြပါတယ်။

source:MFF's facebook page 

photo credit: MFF's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။