ပရိသတ်ကြီးတို့ အခုသုံးနေတဲ့ facebook ရဲ့ နောက်ခံသမိုင်းကြောင်းလေးကို တင်ဆက်ပေးမယ်ဆိုရင် စိတ်ဝင်စားကြမှာပါနော်။ fb ကို လွန်ခဲ့သော ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ရက်နေ့တွင် စတင်ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ ဟားဗတ် ကောလိပ်တွင် စိတ်ပညာဘာသာ သင်ယူနေသော ကျောင်းသားတစ်ဦးဖြစ်တဲ့ Mark Zuckerberg နှင့် သူရဲ့ အခန်းဖော်သူငယ်ချင်း ကျောင်းသားလေးဦးတို့က အချင်းချင်းဆက်သွယ်နိုင်သော ကွန်ယက်တစ်ခုအဖြစ် စတင်တီထွင်ခဲ့ကြတာ ဖြစ်ပါတယ်။

photo credit Wikipedia

နောက်ပိုင်းတွင် ဘော့စ်တွန်နယ်မြေရှိ ကောလိပ်များတွင်ပါ သုံးစွဲခွင့် နယ်မြေကို တိုးချဲ့ခဲ့တာ ဖြစ်ပါတယ်။ တစ်စထက်တစ်စ အမေရိကန်နိုင်ငံရှိ အခြားသော တက္ကသိုလ်များနှင့် အထက်တန်းကျောင်းများတွင်ပါ သုံးစွဲလာနိုင်ခဲ့တာ ဖြစ်ပါတယ်။၂၀၀၆ ခုနှစ်မှစတင်ပြီး အသက် ၁၃ နှစ်ပြည့်ပြီးတဲ့ ဘယ်သူမဆို fb ကိုမှတ်ပုံတင်ပြီး သုံးစွဲနိုင်တာ ဖြစ်ပါတယ်။

photo credit Wikipedia

အကောင့် တစ်ခုဖွင့်ပြီးတာနဲ့ အခြားသူများနှင့် မိတ်ဖွဲ့ခြင်း၊ မိမိကိုယ်ပိုင် ဓာတ်ပုံ များ တင်ခြင်း၊ ဗီဒီယိုများ တင်ခြင်းအစရှိတဲ့ လုပ်ဆောင်နိုင်မှုများကို အားလုံးပဲ သိရှိထားကြပြီ ဖြစ်မှာပါ။ ယခုအခါမှာ အင်တာနက်လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ fb ဌာနချုပ်ကို အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်၊ မန်လို ဥယျာဉ်တွင် ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ဝန်ထမ်းပေါင်း ၁၀၀၈၄ ဦးဖြင့် လုပ်ငန်းများလည်ပတ်နေပြီး fb သုံးစွဲခွင့်မရတဲ့ နိုင်ငံအချို့ကလွဲ၍ တစ်ကမ္ဘာလုံးကို လွှမ်းခြုံထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit Wikipedia 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။