စတားဘက်ခ် ကော်ဖီဆိုင်တစ်ဆိုင်မှာ အမျိုးသမီးတစ်ဦးက သူ့ခင်ပွန်းရဲ့ အငယ်အနှောင်းလို့ ယူဆရတဲ့ အမျိုးသမီးတစ်ဦးကို ထိပ်တိုက် ရင်ဆိုင်ဖြေရှင်းခဲ့ပါတယ်။ အဲ့ဒီထိပ်တိုက်ရင်ဆိုင်နေတဲ့ ဗီဒီယိုကို ဆိုင်အတွင်းရှိ အမျိုးသားတစ်ဦးက ရိုက်ကူးပြီး အွန်လိုင်းပေါ် တင်ခဲ့ရာကနေ ပျံ့နှံ့ခဲ့ပါတယ်။

ဒီဗီဒီယိုထဲမှာတော့ ..... အမျိုးသမီးတစ်ဦးက ခင်ပွန်းဖြစ်သူ့ရဲ့ အငယ်အနှောင်းလို့ ယူဆတဲ့ အမျိုးသမီးပေါ်ကို တက်ခွပြီး မလှုပ်နိုင်အောင် ပြုလုပ်ထားပါတယ်။ အဲ့ဒီနောက် ဘေးဘီကို ကြည့်ပြီး " ဒီအမျိုးသမီးဟာ သူ့ခင်ပွန်းရဲ့အငယ်အနှောင်းဖြစ်ပါတယ်။ ကြည့်ကြပါ" ဆိုပြီး ပြောဆိုလိုက်ပါတယ်။ သူဟာ ခင်ပွန်းဖြစ်သူရဲ့ အငယ်အနှောင်းလို့ ယူဆရတဲ့ အမျိုးသမီးအပေါ် ဆက်လက်ခွထိုင်ထားပြီး ဆဲဆိုနေတာကို အနီးအနားမှာ ရပ်နေတဲ့ သူ့ရဲ့သမီးလို့ ယူဆရတဲ့ မိန်းကလေးတစ်ဦးက ငိုယိုပြီး သူ့ကို လှမ်းခေါ်နေပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ခင်ပွန်းဖြစ်သူကလည်း အဲ့ဒီအမျိုးသမီးကို လှမ်းဆွဲပေမယ့် မဖယ်ဘဲ ဆက်လက်တိုက်ခိုက်နေတာကြောင့် အငယ်အနှောင်းလို့ ယူဆတဲ့ မိန်းကလေးဟာ အပေါ်ပိုင်းဗလာကျင်း ဖြစ်ခဲ့ရပါတယ်။ အဲ့ဒီအမျိုးသမီးရဲ့ ပြောကြားချက်အရ သူဟာ အဲ့ဒီအမျိုးသားနဲ့ သာမန်သူငယ်ချင်းသာ ဖြစ်ကြောင်းနဲ့ သူ့ရဲ့ ၀န်ထမ်းတစ်ဦးလည်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီအဖြစ်အပျက်တွေဟာ စင်ကာပူနိုင်ငံက စတားဘက်ခ်ကော်ဖီဆိုင်မှာ ဖြစ်ပွားခဲ့တာလို့ အချို့က ပြောကြပေမဲ့ ဒီဗီဒီယိုကို တင်ခဲ့တဲ့မျက်မြင်သက်သေကတော့ ဘယ်နိုင်ငံမှာဖြစ်ပွားခဲ့တယ်ဆိုတာ အတည်ပြုပြောကြားထားခြင်းမရှိပါဘူး။

Source: Stomp

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။