ယနေ့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် အေအက်ဖ်စီဖလား အုပ်စုအဖွင့်ပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းအနေဖြင့် အိမ်ကွင်းပွဲဦးထွက် ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရပါတယ်။ ရှမ်းအသင်းဟာ ယနေ့ပွဲတွင် တိုက်စစ်မှူး ဇင်မင်းထွန်း၊ ဒွေးကိုကိုချစ်တို့ကို ဒုတိယပိုင်းမှသာ ထည့်သွင်းအသုံးပြုခဲ့ပြီး သီဟစည်သူ၊ ဒေးဗစ်ထန်း၊ နန္ဒကျော်၊ ရန်နိုင်ဦး၊ မက်ဆီမန် စတဲ့ အဓိက ကစားသမားများဖြင့် ခါယားအသင်းကို ရင်ဆိုင်ခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

သို့သော်လည်း အိမ်ကွင်းတွင် ပုံစံကောင်း ရရန် ရုန်းကန်ခဲ့ရပြီး ရရှိလာသည့် အခွင့်အရေးအချို့ကိုလည်း အသုံးမချနိုင်ခဲ့ခြင်းကြောင့် (ဝ-၂) ရလဒ်ဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်ပါတယ်။ ဖိလစ်ပိုင်ကလပ် ခါယားအက်ဖ်စီအသင်းအတွက် ဂိုးများကို ၇၄ မိနစ်တွင် ဂျိုဗင်ဘီဒစ်က ပင်နယ်တီမှတစ်ဆင့်လည်းကောင်း၊ ပွဲချိန် ၈၅ မိနစ်တွင် မာဆာနာရီ အိုမူယာမှလည်းကောင်း သွင်းယူပေးခဲ့ခြင်းဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ရှမ်းယူနိုက်တက်အသင်းဟာ ဖေဖော်ဝါရီ ၂၆ ရက်တွင် အုပ်စုဒုတိယပွဲစဉ်အဖြစ် အင်ဒိုနီးရှားကလပ် PSM မာကာဆာအသင်းနှင့် အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။ 

source  - Myanmar National League Facebook page

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။