ပရိသတ်ကြီးရေ အေးမြဖြူ လေးကတော့ Myanmar idol season (4) သီချင်းဆိုပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ပြီး နောက်ဆုံး Top 3 Grand Final အဆင့်အထိကိုတက်ရောက်နိုင်ခဲ့ကာ Winner ဆုနဲ့ လည်းလွဲချော်ခဲ့ရပါတယ်။ အေးမြဖြူ ကတော့ သီချင်းအဆိုပြိုင်ပွဲတွေကို ငယ်စဉ်ကထဲက ဝင်ရောက်ယှဉ်ပြိုင်ပြီး ပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ဂီတကို ရူးသွပ်လားပြီး ငယ်စဉ်ကထဲ ဂီတနယ်ပယ်လျှောက်လှမ်းလာခဲ့သလို ပညာရေးဘက်မှာလည်း ထူးချွန်းတဲ့ အဆိုရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit – Aye Mya Phyu’s Facebook Page
Photo Credit – Aye Mya Phyu’s Facebook Page

Myanmar idol season (4) မှာလည်း ပရိသတ်တွေအားပေးချစ်ခင်ခဲ့ရတဲ့ သူတစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲပြီးမှာတော့ ယခုဆိုရင်တော့ ပရိသတ်တွေနဲ့ နီးနီးကပ်ကပ် ဖျော်ဖြေနေရပြီလည်းဖြစ်ပါတယ်။ နယ်ပွဲတွေကိုလည်း မနားမနေရအောင် သီဆိုဖျော်ဖြေနေရပြီး သီချင်းသီဆိုဖျော်ဖြေရင်းနဲ့ ုပညာရေးဘက်ကိုလည်း မပြတ်သွားအောင်လုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။ ယခုမှာဆိုရင် အေးမြဖြူက Junction square မှာကျင်းပပြုလုပ်တဲ့ Oramin-C ပွဲမှာပါဝင်သီဆိုဖျော်ဖြေခဲ့ပါတယ်။

Photo Credit – Aye Mya Phyu’s Facebook Page
Photo Credit – Aye Mya Phyu’s Facebook Page

အဲ့ဒီပွဲမှာတော့ အေးမြဖြူက ပြိုင်ပွဲဝင်ခဲ့စဉ်က သီဆိုခဲ့တဲ့သီချင်းတွေကိုလည်း ဖျော်ဖြေခဲ့ပြီး ပရိသတ်တွေကလည်း များစွာအားပေးခဲ့ကိုတွေ့ရပါတယ်။ အေးမြဖြူက ပရိသတ်တွေနဲ့အတူ ဖျော်ဖြေခဲ့ရတဲ့ အမှတ်တရ ပုံရိပ်လေးတွေကိုလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာဖော်ပြပေးခဲ့ပါတယ်။ပရိသတ်ကြီးကလည်း ဂီတလမ်းခရီးမှာ လျှောက်လှမ်းနေပြီးဖြစ်တဲ့ အေးမြဖြူလေးကို ချစ်ပေးကြပါဦးနော်….။ ကဲ့ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ သီချင်းတွေကိုပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့ အေးမြဖြူ ရဲ့ သီချင်းသီဆိုဖျော်ဖြေနေတဲ့ အမှတ်တရ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit - Aye Mya Phyu’s Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။