တစ်ခေတ်တစ်ချိန်က အနုပညာလောကမှာရော သဘင်လောကမှာပါ နေရာရအောင်မြင်ခဲ့တဲ့ ဟာသသရုပ်ဆောင်၊ လူရွှင်တော်ကြီးဦးဧရာကိုတော့ အားလုံးကသိကြမယ်ထင်ပါတယ်နော်။ ပရိသတ်တွေတော်တော်များများကလည်း သူ့ရဲ့ဟာသပြက်လုံးတွေ၊ ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေကို ကြည့်ရှုခံစားရင်း ပျော်ရွှင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ လူရွှင်တော်ကြီးဦးဧရာက အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီပဲ ဖြစ်ပါတယ်။

Photo Credit-လူရွှင်တော် ဧရာ's FB Acc
Photo Credit-လူရွှင်တော် ဧရာ's FB Acc
Photo Credit-လူရွှင်တော် ဧရာ's FB Acc

ဦးဧရာအနေနဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းကတည်းက ခါးနာတဲ့ဝေဒနာကိုခံစားခဲ့ရပြီး မကြာခဏဆိုသလို ဆေးရုံတက်ရောက်ကာ ကုသမှုခံယူခဲ့ရတာပဲ ဖြစ်ပါတယ်။ ဘဝကိုအရှုံးမပေးဘဲ ကြံ့ကြံ့ခံကာရင်ဆိုင်ဖြတ်သန်းနေတဲ့ ဦးဧရာက အခုလည်း မြေးလေးနဲ့အတူ ကိုယ်တိုင်ကိုယ်ကျ ခေါက်ဆွဲရောင်းနေတာပဲ ဖြစ်ပါတယ်။ ဦးဧရာက မြေးလေးကိုပေါင်ပေါ်တင်ပြီး ခေါက်ဆွဲရောင်းနေတဲ့ပုံလေးတွေကို မျှဝေပေးထားတာ ဖြစ်ပါတယ်။

Photo Credit-လူရွှင်တော် ဧရာ's FB Acc
Photo Credit-လူရွှင်တော် ဧရာ's FB Acc

ဦးဧရာက " ရာရာနဲ့ မြေးလေးတို့ဈေးရောင်းနေကြတာပါ မြေးလေအဖေက အချက်အပြုတ်သင်တန်းကျောင်းမှာ ဒီပလိုမာရထားတော့ဒီအလုပ်ကိုစလုပ်ကြသည်ပေါ့ ကြက်သားပလာတာနဲ့ ပန်းသေးခေါက်ဆွဲစပါယ်ရှယ်လစ်မို့လို့အော်ဒါများလက်ခံပါ၏ 09799638858 " ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပျော်ပျော်ရွှင်ရွှင်နဲ့ ခေါက်ဆွဲထိုင်ရောင်းနေတဲ့ လူရွှင်တော်ကြီးဦးဧရာရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-လူရွှင်တော် ဧရာ's FB Acc 

Photo Credit-လူရွှင်တော် ဧရာ's FB Acc
Photo Credit-လူရွှင်တော် ဧရာ's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။