ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ Myanmar Idol ပြိုင်ပွဲကြီးကနေ ပရိသတ်တွေရင်ထဲ ရောက်ရှိခဲ့သူကတော့ အဆိုတော်ဖြိုးမြတ်အောင်ပဲ ဖြစ်ပါတယ်..။

အမိုက်စားအသံပါဝါကောင်းကောင်းတွေ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ပရိသတ်တွေရဲ့ တခဲနက် အံ့မခမ်းအားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ ဖြိုးမြတ်အောင်ကတော့ အခုဆိုရင် အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် လျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်နော်..။


Photo By Aung Khant (Myanmarload)
Photo By Aung Khant (Myanmarload)
Photo By Aung Khant (Myanmarload)

သီချင်းတွေအပြင် ဖျော်ဖြေပွဲတွေနဲ့ အခမ်းအနားပွဲတွေ တက်ရောက်ကာ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ ဖြိုးမြတ်အောင်ကတော့ ပြီးခဲ့တဲ့ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ Oramin-C ရဲ့ အခမ်းအနားပွဲလေးကိုလည်း တက်ရောက်ခဲ့ပါတယ်..။

ဖေဖော်ဝါရီ(၁၂)ရက်နေ့က Junction Square Promotion Outdoor Area မှာကျင်းပပြုလုပ်ခဲ့တဲ့ Oramin-C ပွဲအခမ်းအနားကို တက်ရောက်ကာ ပရိသတ်တွေနဲ့ တွေ့ဆုံရင်း အမှတ်တရဓာတ်ပုံလေးတွေလည်း အတူရိုက်ကူးခဲ့တာလည်း ပရိသတ်တွေ တွေ့မြင်ရမှာပါနော်..။


Photo By Aung Khant (Myanmarload)
Photo By Aung Khant (Myanmarload)
Photo By Aung Khant (Myanmarload)

လွတ်လပ်ပေါ့ပါးပြီး စမတ်ကျတဲ့ ဖက်ရှင်လေးနဲ့ အခမ်းအနားပွဲကို တက်ရောက်လာတဲ့ ဖြိုးမြတ်အောင်ကတော့ သီချင်းတွေလည်း သီဆိုဖျော်ဖြေခဲ့ပြီး ပရိသတ်တွေနဲ့လည်း တရင်းတနှီး တွေ့ဆုံခဲ့တာပါ..။

ဒီကနေ့လေးမှာတော့ Oramin-C ရဲ့ အခမ်းအနားပွဲကို တက်ရောက်ခဲ့တဲ့ ပရိသတ်အချစ်တော် ဖြိုးမြတ်အောင်ရဲ့ ပုံရိပ်လေးတွေကိုလည်း အားလုံးအတွက် တင်ဆက်မျှဝေပေးလိုက်တာမို့ ပရိသတ်တွေလည်း သဘောကျနေကြမှာပါနော်..။

Photo By Aung Khant (Myanmarload)
Photo By Aung Khant (Myanmarload)
Photo By Aung Khant (Myanmarload)

Photo By Aung Khant (Myanmarload)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။