အကယ်ဒမီဆုရှင်မင်းသမီးလေးဖြစ် ဆရာ၀န်လေးလည်းဖြစ်တဲ့ မင်းသမီးချောလေးပိုင်ဖြိုးသုကိုပရိတ်သတ်ကြီးအားလုံးသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ဗီဒီယိုဇာတ်ကားများဖြင့် အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့ပြီး ယခုဆိုရင်ပရိတ်သတ်လက်ခံတဲ့ နိုင်ငံကျော် မင်းသမီးလေးတစ်ယောက်ဖြစ်နေပြီဖြစ်ပါတယ်။ ဒါ့ပြင်ပိုင်ဖြိုးသုဟာ ဒါရိုက်တာဏကြီးနဲ့အတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်တစ်ခုကိုလည်း တည်ထောင်ထားတာပါနော်။


Photo Credit-Ria Bo Vich
Photo Credit-Ria Bo Vich

ပိုင်ဖြိုးသုဟာမကြာသေးမီက သူမရဲ့facebookစာမျက်နှာတွင် "အချစ်ဖြင့်လွမ်းစေ Family show လေးကိုလာရောက်ပေးတဲ့ညီအစ်ကိုမောင်နှမများဖြင့်"ဆိုတဲ့ captionလေးနဲ့ပုံလေးတွေတင်ပေးလာပါတယ်။ သူမရဲ့ရုပ်ရှင်ဇာတ်ကားကြီးကို ဝါရင့်အနုပညာရှင်ကြီးများလာရောက်၀န်းရံပေးကြတဲ့အတွက် သုသုလေးတစ်ယောက်ပျော်နေတာပဲဖြစ်ပါတယ်။ ဘယ်ဇာတ်ရုပ်မဆို အကောင်းဆုံးကြိုးစားသရုပ်ဆောင်တဲ့ပိုင်ဖြိုးသုဟာ ဒီရုပ်ရှင်ကားကြီးမှာလည်း ဇာတ်ရုပ်ပီပြင်မှာအသေအချာပါပဲနော်။


Photo Credit-Ria Bo Vich
Photo Credit-Ria Bo Vich

အချစ်ဖြင့်လွမ်းစေ ရုပ်ရှင်ကားကြီးကို ဗိုလ်ချုပ်မွေးနေ့ ဖေဖော်ဝါရီ13ရက်နေ့မှာ စတင်ပြီးရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော ဒီဇာတ်ကားကြီးကိုသွားရောက်အားပေးကြမယ်မလား။ အနုပညာမောင်နှမများနဲ့အတူ ပျော်ပျော်ပါးပါးတွေ့ရတဲ့ ပိုင်ဖြိုးသုရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Ria Bo Vich
Photo Credit-Ria Bo Vich

Source-Paing Phyoe Thu's Facebook page

Photo Credit-Ria Bo Vich

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။