တိုင်းရင်းသူလေးဖြစ်တဲ့ မင်းသမီးချောလေး နန်းခင်ဇေယျာကတော့ ပရိသတ်အချစ်တွေကို အပြည့်အဝရယူထားတဲ့သူလေးပဲဖြစ်ပါတယ်။ သူမက စကားပြောဆိုပွင့်လင်းပြီး ရိုးသားဖြူစင်တဲ့ သူလည်းဖြစ်ပါတယ်။ အနုပညာအလုပ်တွေနဲ့ ဝေးကွာနေတဲ့ သူမက အခုလက်ရှိအနုပညာတွေ ပြန်လည်လုပ်ကိုင်နေတာဖြစ်တဲ့ အတွက် ပရိသတ်တွေကလည်း အကြိုက်တွေ့နေတာပဲဖြစ်ပါတယ်။ 

Photo Credit; Nang Khin Zay Yar's FB account

ခန္ဓာကိုယ်ကောက်ကြောင်းလေးတွေကို ထင်ရှားစေဖို့ မြန်မာဝတ်စုံလေးတွေကိုသာ အမြတ်တနိုးဝတ်ဆင်တက်တဲ့ နန်းခင်ဇေယျာက ပုရိသယောကျ်ားတွေ သည်းသည်းလှုပ်အားပေးနေရတဲ့ မင်းသမီးတစ်လက်ဆိုရင်လည်းမမှားနိုင်ပါဘူးနော်။ ခပ်မိုက်မိုက်ဒီဇိုင်းတွေ ဝတ်ဆင်ရင်လည်း လိုက်ဖက်နေတဲ့ သူလေးပဲဖြစ်ပါတယ်။  

Photo Credit; Nang Khin Zay Yar's FB account

နန်းခင်ဇေယျာက လွန်ခဲ့တဲ့ နာရီပိုင်းလောက်ကမှ အမဲရောင်ခပ်မိုက်မိုက် အဝတ်အစားကိုဝတ်ကာ"ဘယ်နားက ခြံစည်းရိုးလို့ထင်လဲ? အိမ်ကခြံစည်းရုံးမဟုတ်တာတော့သေချာတယ်။"ဆိုပြီး အိုက်တင်အလန်းစားလေးနဲ့ ဓါတ်ဖမ်းထားတဲ့ ပုံလေးတွေကို ပရိသတ်ကြီးအတွက် မျှဝေထားတာပဲဖြစ်ပါတယ်။ သူမရဲ့ ပုံရိပ်လေးတွေကို ကြည့်ရင်း ပရိသတ်တွေအချစ်ပိုစေရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်...။ 

Photo Credit; Nang Khin Zay Yar's FB account
Photo Credit; Nang Khin Zay Yar's FB account

Photo Credit; Nang Khin Zay Yar's FB account

Source; Nang Khin Zay Yar's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။