အဆိုကောင်းရုံသာမကဘဲ သရုပ်ဆောင်ဘက်တွင်ပါ ပိုင်နိုင်သူတစ်ယောက်ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တော် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ပဲ ဖြစ်ပါတယ်။ သူဟာ ဆယ်စုနှစ်များစွာတိုင်အောင် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေနဲ့ အတူ အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေက စောင့်မျှော်အားပေးနေကြတာပဲ ဖြစ်ပါတယ်။ 

Photo Credit - Sai Sai Kham Leng's Facebook Page
Photo Credit - Sai Sai Kham Leng's Facebook Page
Photo Credit - Sai Sai Kham Leng's Facebook Page

မကြာခင်မှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ " ပိတောက်ကတဲ့ ဂီတ " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသတော့မှာဘဲ ဖြစ်ပါတယ်။ စိုင်းစိုင်းဟာ ဒီဇာတ်ကားကြီးမှာ မျက်နှာသစ် သရုပ်ဆောင် ပိုးမမှီသာ နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းကို ချစ်တဲ့ ပရိသတ်တွေကလည်း ဒီဇာတ်ကားကြီးကို အားပေးကြည့်ရှုရန် စောင့်မျှော်နေကြတာပဲ ဖြစ်ပါတယ်။  

Photo Credit - Sai Sai Kham Leng's Facebook Page
Photo Credit - Sai Sai Kham Leng's Facebook Page
Photo Credit - Sai Sai Kham Leng's Facebook Page

မနေ့ညကလည်း စိုင်းစိုင်း၊ Snare၊ G Fatt တို့ဟာ တောင်ကြီးမြို့က အဝေရာမီးပုံးပျံကွင်းမှာ ပြည်ထောင်စုနေ့အမှတ်တရပွဲတွင် တေးသီချင်းများနဲ့ ပါဝင်ဖျော်ဖြေခဲ့ကြတာပါ။ အခုမှာလည်း ဖြိုးလေးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် Live Video လေးတစ်ခု တင်ထားတာပါ။ ဒါကတော့ ဦးညီထွဋ်သီချင်းဆိုနေတာကိုStageနောက်ကနေကျေပျော်ပျော်ပါးပါး လိုက်ဆိုနေကြတဲ့စိုင်းစိုင်းတို့သူငယ်ချင်းအဖွဲ့ရဲ့Video လေးပဲဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် တင်ဆက်ပေးလိုက် ပါတယ်နော်။

Source - Phyo Lay's Facebook Account

Photo Credit - Sai Sai Kham Leng's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။