ပရိသတ်ကြီးရေ မြန်မာ့ဂုဏ်ဆောင်တစ်ယောက်ဖြစ်တဲ့ အောင်လအန်ဆန်က တော့ လက်ရှိမှာ ကမ္ဘာ့ ဝိတ်တန်းချန်ပီယံ ၂ ခုကို ရထားနိုင်ခဲ့တဲ့ ဖိုက်တာတစ်ယောက်လည်းဖြစ်ပါတယ်။ အောင်လအန်ဆန် က ၂၀၁၉ ခုနှစ် OneChampioship ပြိုင်ပွဲတွေမှာ ပရိသတ်တွေအံ့အားသင့်ရလောက်အာင် ပြိုင်ဘက်ကောင်းတွေကို ထိုးသတ်နိုင်ခဲ့တာတွေကို မြင်တွေ့ခဲ့ရမှာပါ။ ယခု ၂၀၂၀ ခုနစ်မှာ အောင်လအန်ဆန်နဲ့ ချန်ပီယံခါးပတ် ကာကွယ်ပွဲကို ထိုးသတ်မယ့် ပြိုင်ဘက်ကောင်းတစ်ယောက်တော့ ပေါ်ပေါက်လာခဲ့ပြီး သူကတော့ အောင်လအန်ဆန်နဲ့ ထိုးသတ်ဖို့အတွက် အင်ဒိုနီးရှား နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ OneChampioship ပြိုင်ပွဲမှာ ဘရာဇီးနိုင်ငံသား နဲ့ နယ်သာလန် နိုင်သားတို့ ထိုးသတ်ခဲပကြပါတယ်။ အဲ့ဒီပွဲမှာတော့ ဒိုင်တွေရဲ့ အမှတ်ပေးမှုနဲ့ နယ်သာလန် နိုင်ငံသား DE RIDDRE က အနိုင်ရရှိခဲ့ပါတယ်။

Photo Credit – Aung La Nsang(Burmese Python) Facebook Page
Photo Credit – Aung La Nsang(Burmese Python) Facebook Page

အောင်လအန်ဆန် ဟာ ၎င်း နယ်သာလန် နိုင်ငံသားနဲ့ ထိုးသတ်ရမယ့်ပြိုင်ပွဲအတွက် OneChampioship အဖွဲ့အစည်းနဲ့မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကာကွယ်ပွဲအတွက်စာချုပ် ကို ဖောဖော်ဝါရီလ ၁၂ ရက်နေ့က ရေးထိုးလိုက်ပြီလည်းဖြစ်ပါတယ်။ အဲ့ဒီလိုစာချုပ်လက်မှတ်ရေးထိုးခဲ့တာကိုအောင်လအန်ဆန်ရဲ့လူမှုကွန်ယက်စာမျက်နှာပေးမှာရေးသားဖော်ပြခဲ့တာကတော့“OneChampioshipအဖွဲ့အစည်းနဲ့မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကာကွယ်ပွဲယှဉ်ပြိုင်ထိုးသတ်ဖို့အတွက်စာချုပ်လက်မှတ်ရေးထိုးပြီးအတည်ပြုလိုက်ပါပြီ။

ReinierdeRidderကသူ့မှာဒဏ်ရာရှိတယ်လို့ပြောတဲ့အတွက်ပြိုင်ဖက်ကဘယ်သူဖြစ်လာမလဲဆိုတဲ့ပဟေဠိကကျွန်တော်အတွက်အရေးမကြီးပါဘူး။အားလုံးကိုကျွန်တော်ကတိပေးပါတယ်။ဒီချန်ပီယံခါးပတ်ကာကွယ်ပွဲကအရမ်းကြည့်ကောင်းမယ့်ပွဲတစ်ပွဲဖြစ်မှာပါ။ကျွန်တော်ရဲ့နည်းပြဆရာ @[email protected]@kamibarziniနဲ့@drcpeacockတို့ကကျွန်တော့်အသင်း @sanfordmmaမှာကျွန်တော်ချန်ပီယံခါးပတ်ကိုကာကွယ်ယှဉ်ပြိုင်ထိုးသတ်ဖို့အတွက်အဆင်သင့်ဖြစ်အောင်အကောင်းဆုံးလေ့ကျင့်ပြင်ဆင်ပေးမှာဖြစ်ပြီးချန်ပီယံခါးပတ်ကိုကာကွယ်နိုင်မယ်ဆိုတာကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိပါတယ်” ဆိုပြီး ဖော်ပြပေးထားပါသေးတယ်။

Photo Credit – Aung La Nsang(Burmese Python) Facebook Page
Photo Credit – Aung La Nsang(Burmese Python) Facebook Page

DE RIDDRE က အသက် ၃၀ ရှိပြီး အရပ် ၆ ပေနဲ့ ၄လက်မ ၊ ကိုယ်အလေးချိန် ၁၈၅ ပေါင်ဖြစ်ပြီး သူထိုးသတ်ခဲ့တဲ့ မစ်ဒယ်ဝိတ်တန်း OneChampioship ပွဲစဉ် ၁၂ ပွဲမှာ ရှုံးပွဲမရှိခဲ့တာကိုတွေ့ရပါတယ်။ ကျွန်တော်တို့ မြန်မာ့ဂုဏ်ဆောင် တစ်ယောက်ဖြစ်တဲ့ အောင်လအန်ဆန်ကတော့ အသက် ၃၄ နှစ်ရှိပြီး ထိုးသတ်ခဲ့ နောက်ဆုံး ၇ပွဲမှာ ရှုံးပွဲမရှိသူဖြစ်ပြီး လက်ရှိမှာ မစ်ဒယ်ဝိတ်တန်း နဲ့ လိုက်ဟဲဗီးဝိတ်တန်း ခါးပတ်နှစ်ခုကို ရရှိထားခဲ့တာဖြစ်ပါတယ်။ OneChampioship အတွက် နယ်သာလန် နိုင်ငံသား DE RIDDRE ထိုးသတ်ရမယ် ပွဲစဉ်အတွက် နေရာ နှင့် ပြိုင်ပွဲနေ့ကို ကြေးငြာထားခြင်းတော့မရှိသေးပါဘူးနော်…။ပရိသတ်ကြီးကလည်း အောင်လအန်ဆန်ရဲ့ ချန်ပီယံခါးပတ်ကာကွယ်ပွဲကို စောင့်မျော်ကြည့်ရှုပေးပါဦးနော်။

Source & Photo Credit - Aung La Nsang(Burmese Python) Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။