အဆိုတော် G Fatt ကတော့ လူငယ်ပရိသတ်တွေကြားမှာ လျှမ်းလျှမ်းတောက် ရေပန်းစားအောင်မြင်နေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ဂီတလမ်းကြောင်းထက်မှာ သီချင်းတွေကိုယ်တိုင်ရေးစပ်သီဆိုရင်း လျှောက်လှမ်းနေတဲ့ G Fatt ကတော့ ထိပ်ဆုံးကနေ ရပ်တည်အောင်မြင်နေတာလည်း ဖြစ်ပါတယ်။ G Fatt အနေနဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရှိုးပွဲတော်တော်များများမှာလည်း အမြဲလိုလို ပါဝင်ဖျော်ဖြေနေရတာ ဖြစ်ပါတယ်။

Photo Credit-G Fatt's FB Acc
Photo Credit-G Fatt's FB Acc
Photo Credit-G Fatt's FB Acc

မနေ့ညကတောင်ကြီးမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုနေ့အထိမ်းအမှတ်ဂီတဖျော်ဖြေပွဲကြီးမှာလည်း G Fatt တို့ Frenzo အဖွဲ့က သွားရောက်ဖျော်ဖြေခဲ့ပါသေးတယ်။ အမေစုကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဒီပွဲကြီးမှာတော့ G Fatt က စင်ပေါ်ကနေဖျော်ဖြေခွင့်ရရှိခဲ့တဲ့အတွက် သူ့အနေနဲ့မျက်ရည်ဝဲအထိ ဝမ်းသာပျော်ရွှင်ခဲ့ရကြောင်းကိုလည်း လူမှုကွန်ယက်ကတစ်ဆင့် ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။ ဒါ့အပြင် G Fatt က အမေစုရဲ့လက်လေးကိုကိုင်ပြီး စကားပြောခဲ့ရတဲ့ သူ့ရဲ့ခံစားချက်တွေကိုလည်း မျှဝေထားပါသေးတယ်။

Photo Credit-Sai Sai Kham Leng's FB Acc
Photo Credit-G Fatt's FB Acc
Photo Credit-G Fatt's FB Story

G Fatt က "ကျွန်တော် ဆယ်ကျော်သက်အရွယ်ကစလို့ ဒီနေ့ထိ လေးစားချစ်ခင်ရတဲ့ အမေ့ကိုအနီးကပ်တွေခွင့်ရမှုဆိုတာ အိပ်မက်တောင် မမက်ရဲခဲ့ပါဘူးဗျာ ပျော်လွန်းလို့ပြောစရာ စကားရှာမရတော့ဘူး သူကျွန်တော်တို့ဆိုတာကို အစအဆုံးထိုင်နားထောင်သွားတယ် စစ်ပွဲများမရှိစေချင်ဆိုတဲ့သီချင်းကို သူ့ရှေ့မှာ ပရိတ်သတ်တွေနဲ့အတူ ဆိုပြခွင့်ရခဲ့တယ် သူ့လက်လေးကိုင်ပြီး စကားပြောခွင့်ရခဲ့တယ် သူ့မျက်နှာကိုအနီးကပ်ငေးခွင့်ရခဲ့တယ် ကျန်းမာရေးဂရုစိုက်ပါအမေလို့ ပြောခွင့်ရခဲ့တယ် စင်ပေါ်မှာအသံတွေတုန်မျက်ရည်ပါဝဲရတယ်..အဆိုတော်ဖြစ်ခဲ့ ရတာ ဒီညနဲ့တင်အတန်ဆုံးပါဗျာအမေ အသက်ရှည်ကျန်းမာ စိတ်ချမ်းသာပါစေ ကျွန်တော်တို့လက်ကလေးကိုကိုင်ပြီး လူငယ်တွေကိုပျော်အောင်လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်တဲ့ ကျွန်တော့်မှာ ဒီညအပျော်တွေကို ဘယ်လိုပြောရမှန်းကို မသိတော့ပါဘူးဗျာ" ဆိုပြီး ဗီဒီယိုလေးနဲ့အတူ တင်ထားတာပဲ ဖြစ်ပါတယ်။

Source & Video Credit-G Fatt's FB Acc

Photo Credit-G Fatt's FB Story
Photo Credit-G Fatt's FB Story

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။