ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်တဲ့ ခင်ဇာခြည်ကျော်ကတော့ ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်အောင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေကြိုက်နှစ်သက်ရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။ဟိုးအရင်ခေတ်ကတည်းက အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့တဲ့ ခင်ဇာခြည်ကျော်က ယနေ့အချိန်ထိတိုင် ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းတွေနဲ့အတူ အနုပညာလုပ်ငန်းတွေကို တစိုက်မက်မက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

Photo Credit: Thu Rein
Photo Credit: Thu Rein
Photo Credit: Thu Rein

ခင်ဇာခြည်ကျော်က သားနဲ့သမီးကိုလည်း လိုလေသေးမရှိအောင်ဂရုစိုက်စောင့်ရှောက်ပေးပြီး သားသမီးရှေ့က မားမားမတ်မတ်ရပ်တည်ပေးနိုင်တဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။ဘုန်းမင်းနေလနဲ့ထင်သစ္စာတို့မောင်နှမနှစ်ယောက်ကလည်း အနုပညာကိုဝါသနာပါကြပြီး လက်ရှိမှာဆိုရင်လည်း ကြော်ငြာလေးတွေရိုက်ကာ ပညာရေးတစ်ဖက်နဲ့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

Photo Credit: Thu Rein
Photo Credit: Thu Rein

ခင်ဇာခြည်ကျော်တို့သားအမိသုံးယောက်က Tiktok လေးတွေလည်းအတူတူကစားကြပြီး သာယာနွေးထွေးတဲ့ချစ်စရာမိသားစုလေးပါနော်။အခုဆိုရင်လည်း ခင်ဇာခြည်ကျော်က သားကြီးလေးဘုန်းမင်းနေလနဲ့အတူတူ ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ခင်ဇာခြည်ကျော်ကလည်း အရမ်းကျက်သရေရှိပြီးလှနေသလို ဘုန်းမင်းနေလကလည်း ချောမောနေတာကြောင့် ချစ်ပရိသတ်ကြီးအတွက် ခင်ဇာခြည်ကျော်တို့သားအမိနှစ်ယောက်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။ 

Photo Credit: Thu Rein
Photo Credit: Thu Rein
Photo Credit: Thu Rein

Photo Credit: Thu Rein

Source:Khinzar Chikyaw Zar's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။