MPT Myanmar National League II 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲ (Week-3) ပွဲစဉ်များကိုဖေဖော်ဝါရီ ၁၄ ရက်၊ ညနေ သုံးနာရီခွဲ၊ ပဒုမ္မာကွင်းမှာ မြဝတီအက်ဖ်စီ အသင်းနဲ့ ချင်းလန်းအက်ဖ်စီအသင်း၊ စလင်းကွင်းမှာ မောရဝတီအသင်း နဲ့ Junior Lions အသင်းတို့ ကစားမှာ ဖြစ်ပါတယ်။ ပြိုင်ဆိုင်မှုပြင်ထန်တဲ့ ပွဲစဉ်ဖြစ်တာကြောင့် ပရိသတ်တွေအတွက်ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။ 

Photo Credit – Myanmar National League Facebook Page

မြဝတီအသင်းနဲ့ ချင်းလန်းအသင်းတို့ဟာ အမှတ်ပေးဇယား အဆင့် ၁ နေရာအတွက် အကြိတ်အနယ်ကစားကြမှာ ဖြစ်သလို Junior Lions အသင်းအနေနဲ့လဲ အမှတ်ပေးဇယားထိပ်က အသင်းနှစ်သင်း ပွဲကြပ် တွေ့ဆုံနေတုန်း အမှတ်ပေးဇယား ဦးဆောင်ခွင့်ရမယ့် အနေအထား ရှိနေပါတယ်။ အလားတူပဲ မောရဝတီအသင်းကလဲ Junior Lions အသင်းကို နိုင်ခဲ့မယ်ဆိုရင် အမှတ်ပေးဇယား ထိပ်ပိုင်းကို ထပ်မံ တက်ရောက်နိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။

Photo Credit – Myanmar National League Facebook Page

ဖေဖော်ဝါရီ ၁၅ ရက်၊ ညနေ သုံးနာရီခွဲ၊ စလင်းကွင်းမှာ ကချင်ယူနိုက် တက်အသင်းနဲ့ ယောမြေအက်ဖ်စီအသင်း၊ ဖေဖော်ဝါရီ ၁၆ ရက်၊ ပဒုမ္မာ ကွင်းမှာ ငွေကြယ်ပွင့်လေးများအသင်းနဲ့ တက္ကသိုလ်လက်ရွေးစင် အသင်းတို့ ကစားမှာ ဖြစ်ပါတယ်။ကဲ့ချစ်ပရိသတ်ကြီးရေ MPT Myanmar National League II 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲ (Week-3) ပွဲစဉ်များကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit - Myanmar National League Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။