ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ရှေးအီဂျစ်မျိုးနွယ်ခေတ်တုန်းက ဆောက်လုပ်ခဲ့တဲ့ ဗိသုကာလက်ရာမြောက် အဆောက်အအုံတွေထဲကမှ တစ်ခုဖြစ်တဲ့ "Karnak" ရှေးဟောင်း ဘာသာရေး အဆောက်အဦးအကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှု၊ ပြည်တွင်းပြည်ပ အားကစားသတင်း၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit Wikipedia

ကာနက်ခ်ဟာ ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ရှေးဟောင်း ဘာသာရေး အဆောက်အဦး တစ်ခုဖြစ်ပါတယ်။ ကာနက်ခ်ဟာ အီဂျစ်ကို ထူထောင်ခဲ့ကြတဲ့ မျိုးဆက် အဆင့်ဆင့်တို့ရဲ့ စုပေါင်းအောင်မြင်မှုကိုလည်း ကိုယ်စားပြုနေပါတယ်။ ကာနက်ခ်ရဲ့ လက်ရာ အများစုကိုဘီစီ ၁၅၇၀ မှ ဘီစီ ၁၁၀၀ အတွင်း အီဂျစ်တွင် စိုးစံခဲ့ကြတဲ့ ဖာရိုများက ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ကာနက်ခ် ဘုရားကျောင်းတွင် အဓိက ကျောင်းအဆောက်အဦး သုံးခု၊ ပူးတွဲ တည်ဆောက်ထားတဲ့ သေးငယ် သော ကျောင်းများ နှင့် များပြားလှသော ပြင်ပကျောင်းအဆောက်အဦများ ပါဝင်တာ ဖြစ်ပါတယ်။

photo credit Wikipedia

လက်စ်ဆာ ဘုရားကျောင်းမှ မြောက်ဘက်သို့ ၂ ဒသမ ၅ ကီလိုမီတာ အကွာအဝေးတွင် တည်ရှိတာဖြစ်ပါတယ်။ ကာနက်ခ် ဘာသာရေး အဆောက်အဦးဝင်းအတွင်း အထင်ရှားဆုံးသော လက်ရာများအနက် တစ်ခုမှာ အောက်သို့ လျှောကျနေတဲ့ပုံစံ ဆောက်လုပ်ထားသော ခန်းမဆောင် ဖြစ်ပါတယ်။ ထိုခန်းမကြီးဟာ ၅၀၀၀ စတုရန်းမီတာ(၅၀၀၀၀ စတုရန်းပေ) ကျယ်ဝန်းလျက် ကြီးမားသော တိုင်လုံး ၁၃၄ လုံးကို အတန်း ၁၆ တန်း တွင် နေရာချထားတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit Wikipedia 

photo credit Wikipedia
photo credit Wikipedia

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။