အေရီနာတစ်ယောက် အတော်လေးတုန်လှုပ်ခြောက်ခြားနေတုန်းပါပဲ။

မေလ( 22) ရက်နေ့က အင်္ဂလန်နိုင်ငံ မန်ချက်စတာမှာ ကျင်းပခဲ့တဲ့ ဟောလိဝုဒ်ရဲ့ နာမည်ကျော် အဆိုတော်မလေး အေရီယာနာဂရန်ဒီရဲ့ ရှိုးပွဲမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။

အဆိုပါအသေခံဗုံးခွဲမှုကြောင့် ရှိုးပွဲလာကြည့်သူ (၂၂)ဦးသေဆုံးခဲ့ပြီး (၅၉)ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ထုတ်ပြန်ထားပါတယ်။

အေရီယာနာ သီချင်းသီဆိုပြီး စင်နောက်ကိုထွက်သွားချိန်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရှိုးပွဲအတွင်း ပွဲကြည့်ပရိသတ်အားလုံး အလုအယက် အသက်ဘေးကလွတ်အောင် ဇောနဲ့ထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။

သူမ ကံကောင်းသွားတာလို့ပဲပြောရမှာပါပဲ။ ဒါပေမယ့် ဒီဖြစ်ရပ်ဆိုးကြီးနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ်် ကြုံခဲ့ရတဲ့ အေရီယာနာကတော့ အတော်လေးစိတ်ထိခိုက်ပြီး ခြောက်ခြားနေမိတယ်လို့ ဆိုပါတယ်။

အဆိုတော် ဒမီလိုဗက်တို စတဲ့ အနုပညာရှင်တွေဟာ တွစ်တာကနေတစ်ဆင့် အေရီယာနာအတွက် စိတ်ပူပြီး အားပေးစကားပြောခဲ့ကြသလို သေဆုံးသူများအတွက်လည်း ဆုတောင်းပေးခဲ့ပါတယ်။

ဘယ်သူမဆို ကိုယ့်ရှေ့မှာ ဒီလိုထိတ်လန့်စရာဖြစ်ရပ်ဆိုးကြုံမိရင် တုန်လှုပ်မိကြမှာပါပဲ။

အစ္စလာမ်မစ်အစွန်းရောက်အကြမ်းဖက်သမားတွေကတော့ အခုလိုဗုံးခွဲမှှုဟာ သူတို့လုပ်ခဲ့တာဖြစ်တယ်လို့ ပြောကြားထားပါတယ်။  

သတင်းအရင်းမြစ် hollywood life

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။