မင်းသမီးချော ခိုင်သင်းကြည်ကတော့ အကယ်ဒမီနှစ်ဆုတိတိရရှိပိုင်ဆိုင်ထားသူဖြစ်ပြီး အခုချိန်အထိလည်း အကယ်ဒမီဆုတွေမျှော်မှန်းရလောက်တဲ့အထိ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်နေဆဲဖြစ်ပါတယ်။ ဇာတ်ရုပ်နဲ့ပတ်သက်ရင် အပိုအလိုမရှိဘဲအကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ ခိုင်သင်းကြည်က မကြာခင်ကလည်း ဇာတ်လမ်းတွဲလေးတစ်ခုကို လက်ခံရိုက်ကူးခဲ့ပါတယ်။ အခုဆိုရင် ခိုင်သင်းကြည်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲလေးက ဒီနေ့ညကစတင်ပြီး MRTV-4 မှာထုတ်လွှင့်ပြသတော့မှာ ဖြစ်ပါတယ်။

Photo Credit-Khine Thin Kyi's FB Acc
Photo Credit-Khine Thin Kyi's FB Acc
Photo Credit-Khine Thin Kyi's FB Acc

ဒါကြောင့် ခိုင်သင်းကြည်ကဒီဇာတ်လမ်းတွဲလေးပတ်သက်တဲ့ အမှတ်တရတွေကို " “ ဆူးပန်းခွေသွယ်ဘယက်နှင့်ပေရွက်လိပ်နားထောင်းဆင်” ရုပ်သံဇာတ်လမ်းတွဲဒီနေ့ည ၇နာရီMRTV 4 မှာစတင်ပြသပါပြီရှင် ဒီဇာတ်လမ်းတွဲကြီးမှာဆရာမလေးမပုန်းရည်အဖြစ်မခိုင်လေးပါဝင်သရုပ်ဆောင်ထားပါတယ်,တချို့တွေကလည်းမပုန်းရည်က၂၀ကျော်အရွယ်လေးဖြစ်ရမှာမခိုင်လေးနဲ့မလိုက်ဘူးလို့ရေးကြတာတွေ့ပါတယ်(ကိုယ့်ပရိတ်သတ်တွေကြတော့လည်းစာအုပ်ဖတ်ပြီးကတည်းကမပုန်းရည်လေးကကိုယ်နဲ့မှအလိုက်ဆုံးတဲ့)သူတို့ရေးကြတာလဲအမှန်ပါဘဲ၂၀အရွယ်သရုပ်ဆောင်နဲ့ဆိုရင်တော့ပိုလိုက်ပါတယ် မခိုင်လေးကလည်းကိုခန့်တို့မခိုင်ကြီးတို့ကလုပ်စေချင်လို့ရယ်ကိုယ်တိုင်ကလည်းဒီကာရိုက်တာလေးကိုကြိုက်လို့ရယ်ရိုက်ဖြစ်သွားတာပါ

Photo Credit-Khine Thin Kyi's FB Acc
Photo Credit-Khine Thin Kyi's FB Acc
Photo Credit-Khine Thin Kyi's FB Acc
Photo Credit-Khine Thin Kyi's FB Acc

ဘယ်လိုပဲဖြစ်ဖြစ်အားသာချက်အားနည်းချက်ဆိုတာရှိစမြဲမို့ မခိုင်လေးအတွက်အားနည်းချက်တွေရှိပေမဲ့တစ်ခြားသရုပ်ဆောင်နဲ့ဆိုရင်လည်းအားသာချက်အားနည်းချက်တွေရှိမှာပါဘဲ,သရုပ်ဆောင်တဲ့အပိုင်းကတော့အေးဆေးတည်ငြိမ်ပြီးခါတိုင်းကားတွေလို အစွာပုံစံမဟုတ်ပေမယ့်ဆရာမဆိုတော့ပြတ်သားတိကျတဲ့အသံအနေအထားနဲ့တော့သရုပ်ဆောင်ပါတယ်ကျန်တဲ့အဝတ်အစားမိတ်ကပ်လည်းဂရုစိုက်ထားပါတယ်(ဒီဓါတ်ပုံထဲကပိတ်ဖောက်ဇာအကျီလေးကဇာတ်ဝင်သီချင်းနဲ့မြို့တက်တဲ့အခန်းမှာမို့ဝတ်တာပါ)

Photo Credit-Khine Thin Kyi's FB Acc
Photo Credit-Khine Thin Kyi's FB Acc
Photo Credit-Khine Thin Kyi's FB Acc
Photo Credit-Khine Thin Kyi's FB Acc

ဘာပဲပြောပြောဒီဇာတ်လမ်းတွဲရိုက်ကူးနေတဲ့အချိန်တွေမှာကိုယ့်အဖွဲ့သားတွေစည်းလုံးပြီးပျော်စရာကောင်းခဲ့သလိုအလှူတွေအများကြီးလုပ်ဖြစ်ခဲ့တာလဲအမှတ်တရပါပဲ ပြီးတော့မခိုင်လေးကလက်ခံထားတဲ့ရုပ်ရှင်ကားကြီးရယ်(ဇာတ်လမ်းတွဲရက်ကနည်းနည်းရွှေ့သွားလို့)Myanmar’s Got Talent နဲ့ရုံတင်တဲ့ဇာတ်ကား press show,အသံသွင်းတွေအတွက်ရန်ကုန်ပြန်ရတာမို့နည်းနည်းတော့ပင်ပန်းပါတယ်" ဆိုပြီး မျှဝေထားသလို ဒီဇာတ်လမ်းအတွက် အပင်ပန်းခံပြီး ရိုက်ကူးခဲ့ရပုံတွေကိုလည်း ပရိသတ်တွေအတွက် အသေးစိတ်ရေးသားပြောပြထားပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မခိုင်လေးတို့အနုပညာရှင်တစ်စုရဲ့အမှတ်တရပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Khine Thin Kyi's FB Acc

Photo Credit-Khine Thin Kyi's FB Acc
Photo Credit-Khine Thin Kyi's FB Acc
Photo Credit-Khine Thin Kyi's FB Acc
Photo Credit-Khine Thin Kyi's FB Acc
Photo Credit-Khine Thin Kyi's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။