အကယ်ဒမီမင်းသမီးချောလေး ပိုင်ဖြိုးသု၊ဒေါင်းနဲ့ အိန်ဂျယ်လမုံတို့ ပါ၀င်သရုပ်ဆောင်ထားတဲ့ အချစ်ဖြင့်လွမ်းစေရုပ်ရှင်ကားကြီးဟာ ယနေ့ဗိုလ်ချုပ်မွေးနေ့မှာစတင်ပြီး ရုံတင်ပြသနေတာဖြစ်ပါတယ်။ အနုပညာရှင်တွေများစွာနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ဒီရုပ်ရှင်ကားကြီးဟာလည်း ပရိတ်သတ်‌တွေရဲ့အကြိုက်နဲ့ ထပ်တူကျမှာအသေချာပါပဲနော်။


Photo Credit-Paing Phyoe Thu's Facebook acc
Photo Credit-Paing Phyoe Thu's Facebook acc

ပိုင်ဖြိုးသုဟာမကြာသေးမီက သူမရဲ့facebookစာမျက်နှာတွင် "ဒေါ်သု တို့ရဲ့"အချစ်ဖြင့်လွမ်းစေ"အဖွဲ့သားများက ဒီနေ့အဖို့ ပရိတ်သတ်များကို ပဲပြုတ်နဲ့နံပြားလိုက်ကျွေးနေပါပြီရှင့်မြောက်ဥက္ကလာ Mega Ace မှာညနေ(၄:၀၀)နာရီထပ်ဆုံပြီးရင် ညနေ(၆:၄၅)မှာ တာမွေရွှေဗဟိုရ် Mega Ace မှာထပ်ရှိနေပါမယ်ရှင့်" ဆိုတဲ့စာသာလေးနဲ့အတူ ပုံလေးတွေတင်ပေးလာပါတယ်။ သူမတို့အချစ်ဖြင့်လွမ်းစေအဖွဲ့သားများဟာ ချစ်ပရိတ်သတ်ကြီးကို ဗိုလ်ချုပ်မွေးနေ့အမှတ်တရအနေနဲ့ ပဲပြုတ်နဲ့နံပြားကျွေးနေကြတာဖြစ်ပါတယ်။ သုသုတစ်ယောက်ကတော့ သူမချစ်တဲ့ပရိတ်သတ်တွေနဲ့တိုက်ရိုက်တွေ့ဆုံရတဲ့အတွက် ပျော်ရွှင်နေတာပဲဖြစ်ပါတယ်။


Photo Credit-Paing Phyoe Thu's Facebook acc
Photo Credit-Paing Phyoe Thu's Facebook acc

ပိုင်ဖြိုးသုဟာလတ်တလောတွင် ရုပ်ရှင်ကားကြီးများအဆက်မပြတ်ရိုက်ကူးနေပြီး ကြော်ငြာများလည်းရိုက်ကူးနေတာပါ။ပရိတ်သတ်ကြီးရော သုသုလေးကိုချစ်ကြတယ်မလား။ အချစ်ဖြင့်လွမ်းစေအဖွဲ့သားများရဲ့ ပျော်ရွှင်နေတဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Paing Phyoe Thu's Facebook acc
Photo Credit-Paing Phyoe Thu's Facebook acc

Source-Paing Phyoe Thu's Facebook acc

Photo Credit-Paing Phyoe Thu's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။