အကယ်ဒမီမင်းသမီးချောလေး မယ်လိုဒီကတော့ ပရိသတ်အတော်များများသိကြတဲ့ သူလေးပဲဖြစ်ပါတယ်။ သူမက အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးနေခဲ့တာ အတော်ကြာပြီပဲဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်ပြန်လည်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ သူမက ချစ်စရာကောင်းတဲ့ သားလေးနဲ့ အလိုလိုက်ပြီး ချစ်မြတ်နိုးတဲ့ ခင်ပွန်းကိုလည်းပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေကလည်းအားကျနေကြတာပဲဖြစ်ပါတယ်။  

Photo Credit; Melody Myo's FB
Photo Credit; Melody Myo's FB

မယ်လိုဒီက အခုသူမလက်ခံရိုက်ကူးပေးနေတဲ့ နတ်ရုပ်ရှင်ဇာတ်ကားကြီးအတွက် ဘာလီကျွန်းကို ရုပ်ရှင်အဖွဲ့သားတွေနဲ့ အတူရောက်ရှိနေတာလည်းဖြစ်ပါတယ်။ သူမက ရိုက်ကူးရေးနားချိန်ခဏလေးမှာ " အေးအေးလူလူထိုင်နေလိုက်တယ်လေ "ဆိုတဲ့ စာသားလေးနဲ့ အတူ တည်ငြိမ်ရင့်ကျက်တဲ့ ပိုစ့်လေးကို မကြာသေးမီကမှ ဖေ့ဘွတ်စာမျက်နှာကတဆင့် တင်ပေးလာတာကြောင့် ပရိသတ်တွေ အချစ်ပိုနေမှာ အမှန်ပါပဲနော်။

Photo Credit; Melody Myo's FB

အေးချမ်းလှပတဲ့ သူမရဲ့ အပြုံးလေးကလည်း ဆွဲဆောင်ချက်တစ်ခုပါပဲနော်။ ရှုတင်နားချိန်လေးတွေမှာ အနုပညာမောင်နှမတွေ ပျော်ပျော်ပါးပါး အပန်းဖြေလျှောက်သွားနေတာဆိုရင်လည်း တကယ်ကို ပျော်စရာကောင်းတာပဲဖြစ်ပါတယ်။ အခုလည်း သရုပ်ဆောင်မယ်လိုဒီရဲ့ ပုံလေးတွေကို ပရိသတ်ကြီး ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်...။

Photo Credit; Melody Myo's FB
Photo Credit; Melody Myo's FB

Photo Credit; Melody Myo's FB

Source; Melody Myo's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။