ပရိသတ်ကြီးရေ အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားကြတာဖြစ်ပါတယ်။မြတ်ရတနာကျော်နဲ့အာဘွိုင်းတို့က အနုပညာအလုပ်တွေကို မလုပ်ဆောင်တော့ပေမယ့် ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ရရှိထားတာဖြစ်ပါတယ်နော်။အာဘွိုင်းတို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ our travel diariesဆိုတဲ့ page လေးကိုထောင်ပြီး ပရိသတ်တွေစိတ်ဝင်စားမယ့် Blogလေးတွေကိုတင်ပေးနေတာဖြစ်ပါတယ်။

Photo Credit:Ye Min Ko
Photo Credit:Ye Min Ko

အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့နှစ်ယောက်က သမီးချောချောလေးတစ်ယောက်ကို မွေးဖွားထားပြီး မိသားစုတွေ စည်းစည်းလုံးလုံး၊ချစ်ချစ်ခင်ခင်နဲ့ ပျော်ရွှင်အေးချမ်းစွာနေထိုင်နေကြတာပဲဖြစ်ပါတယ်။မြတ်ရတနာကျော်ကလည်း ကလေးတစ်ယောက်မွေးဖွားထားတဲ့ မိခင်လို့ထင်ရက်စရာမရှိလောက်အောင် အပျိုရှုံးအောင်လှပတာကြောင့် မိန်းကလေးအချင်းချင်းတောင် သူမရဲ့အလှအပတွေကို အားကျနေရတာဖြစ်ပါတယ်နော်။

Photo Credit:Ye Min Ko
Photo Credit:Ye Min Ko
Photo Credit:Ye Min Ko

မြတ်ရတနာကျော်ရဲ့သမီးချောလေး Scarlett လေးကလည်း အမေတူသမီးလေးဖြစ်လို့ မျက်လုံးဝိုင်းဝိုင်း၊ပါးဖောင်းဖောင်းလေးတွေနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ ကလေးလေးပါနော်။ပရိသတ်တွေကလည်း မြတ်ရတနာကျော်တို့ရဲ့မိသားစုပုံရိပ်လေးတွေကို အမြဲစောင့်ကြည့်အားပေးနေကြပြီး အခုဆိုရင်လည်း ကြည်နူးမှုအပြည့်နဲ့ သာယာနွေးထွေးနေကြတဲ့ မိသားစုပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်လို့ ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Ye Min Ko
Photo Credit:Ye Min Ko

Photo Credit:Ye Min Ko

Source:Kyaw Phyo Tun's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။