ပရိသတ်ချစ်ခင်အားပေးမှုအများဆုံးရရှိထားတဲ့ အကယ်ဒမီသက်မွန်မြင့်(ချစ်သက်) ဟာ ကလေးနှစ်ယောက် မွေးပြီးပြီးချင်းမှာတော့အနုပညာလှုပ်ရှားမှုတွေနားထားပေမယ့် အခုဆိုရင်တော့ အရင်လိုဇာတ်ကားတွေပြန်ရိုက်နေပါတယ်။

ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးဖို့ ချောင်းသာကို ရောက်ရှိနေတဲ့ ချစ်သက်ဟာ သူမရဲ့ ကလေးနှစ်ယောက်ကိုပါ အတူခေါ်လာတဲ့ပုံပါပဲ။

ဒါ့ကြောင့် သူမ ကားရိုက်နေချိန်မှာ ကလေးထိန်းနဲ့ ထားထားရတဲ့ ကလေးနှစ်ယောက်ကို ရေဆာ့လိုက် ၊ မုန့်စားလိုက်နဲ့ လွှတ်ထားရတယ်လို့ ဖေ့ဘုတ်မှာ ရေးသားထားပါတယ်။

“ချောင်းသာမှာ အမေကကားရိုက် သားသားတို့ကရေဆော့လိုက် Monte လေးစားလိုက်နဲ့သာယာနေတာ Germany made High Quality ဆိုတော့ စားလို့ကောင်းမှကောင်းပေါ့ ဒီတစ်ခါ အမေလုမစားတော့ပါဘူး” ဆိုပြီး တစ်လက်စတည်း မုန့်ကိုပါ ကြော်ငြာဝင်လိုက်ပါသေးတယ်။

သတင်းအရင်းမြစ် Thet Mon Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။