ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ လူသိများနာမည်ကျော်သော မီးတောင်တွေထဲကမှ တစ်ခုဖြစ်တဲ့ "Marum" မီးတောင် အကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှု၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို အချိန်နဲ့တပြေးညီ တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit Once A Glance Page

"Marum" မီးတောင်ကြီးကတော့ သြစတေးလျတိုက်မှာ တည်ရှိတာ ဖြစ်ပါတယ်။ ထိုမီးတောင်ကြီးဟာ သြစတေးလျတိုက်ရဲ့ အထင်ကရ နေရာတွေထဲက တစ်ခုဖြစ်ပြီး ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုကို များစွာရရှိထားတာ ဖြစ်ပါတယ်။ ထင်ရှားသော်လည်း မီးတောင်ထိပ်ဝမှာ ချော်ရည်တွေနဲ့ ပြည့်နှက်နေတာကြောင့် သွားရောက်လည်ပတ်ဖို့ဆိုတာက အန္တရာယ်များပြီး စွန့်စားရာကျပါတယ်။ အဲ့လိုအန္တရာယ်များတဲ့ နေရာကို အသက်စွန့်ပြီး သွားရောက် ဓာတ်ပုံရိုက်ကူးခဲ့တဲ့သူလည်းရှိပါတယ်။

photo credit Once A Glance Page

သြစတေးလျတိုက်ရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ ထိုမီးတောင်ကြီးဆီသို့ နယူးဇီလန်နိုင်ငံသား တစ်ယောက်က ခဲရခဲဆစ် သွားရောက်ပြီး ဓာတ်ပုံရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ထိုသူက အပူခံအင်္ကျီကို ဝတ်ဆင်ပြီး မီးတောင် ထိပ်ဝကို ဆင်းကာ ပေ ၁၀၀၀ လောက်နက်တဲ့ အထဲထိ သွားရောက် ဓာတ်ပုံရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်က လူတွေက ထိုသူကို ဂရုဏာ ဒေါသဖြင့် အပြစ်တင် ပြောဆိုမှုတွေလည်းရှိခဲ့ပါတယ်။ သို့သော် ထိုသူရဲ့ ကျေးဇူးကြောင့် မီးတောင်အတွင်းရှိ ရဲရဲတောက် အလှတရားကို မြင်တွေ့ခံစားရတာလို့ ပြောရမှာပေါ့နော်...။

source Once A Glance Page

Photo credit Once A Glance Page

photo credit Once A Glance Page

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။