ပရိသတ်ကြီးရေ.. ဂီတအနုပညာလောကမှာ အမိုက်စား အသံပါဝါ တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ အဆိုတော်ကတော့ အေသင်ချိုဆွေပဲ ဖြစပါတယ်နော်..။

ပရိသတ်တွေ အားပေးလက်ခံကြတဲ့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ် ဝါရင့်အဆိုတော်တစ်ဦးအဖြစ် ရပ်တည်နေသလို ချစ်စရာကောင်းလွန်းတဲ့ သမီးလေးကိုလည်း ပိုင်ဆိုင်ထားပြီး အေသင်ရဲ့ သမီးလေး အိုင်ဗီလေးကလည်း ပရိသတ်တွေရဲ့ အသည်းကျော်လေးပဲ ဖြစ်ပါတယ်နော်..။


Photo Credit - Athen Cho Swe's Facebook Account
Photo Credit - Athen Cho Swe's Facebook Account
Photo Credit - Athen Cho Swe's Facebook Account

အေသင်ကတော့ ဝူဟန်ဗိုင်းရပ်စ်ကြောင့် Mask တွေ ဝယ်ရခက်ခဲနေခဲ့တဲ့အချိန် ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ရန်ကုန်မြို့ထဲ တစ်နေရာမှာ Mask တွေကို ကိုယ်တိုင်ကိုယ်ကျ လိုက်လံပေးဝေခဲ့ပြီး Mask ဝေတဲ့အချိန်ကလည်း လူတစ်ချို့ရဲ့ ချေတာ ခံလိုက်ရတဲ့အကြောင်းလေးကိုလည်း ပြောပြလာပါတယ်..။

စေတနာနဲ့ လိုက်ပေးတာဖြစ်ပြီး လမ်းသွားလမ်းလာထက်ကို ကားဂိတ်မှာ ဘတ်စ်ကားစောင့်နေတဲ့ လူတွေကို အဓိကထားပြီး ပိုပေးဖြစ်ကာ Mask တွေ ဝေတဲ့အချိန် မယူကြဘဲ တစ်ချို့ကျတော့လည်း ကိုယ်ခံအားကောင်းတယ်ဆိုပြီး ပြန်တောင်ပြောသွားတယ်ဆိုပြီး အချေခံလိုက်ရတဲ့ အကြောင်းလေးကို ရယ်ရယ်မောမောနဲ့ ပြောပြထားတာပဲ ဖြစ်ပါတယ်..။


Photo Credit - Athen Cho Swe's Facebook Account
Photo Credit - Athen Cho Swe's Facebook Account

သန်လျှင်ထိတောင်ရောက်အောင် Mask ဝယ်တာကို တော်တော်ရှာဝယ်လိုက်ရပြီး ပုံမှန်ဆို တစ်ခု(၅၀)တန်ကို (၃၀၀)တောင် ပေးဝယ်ရတဲ့ အကြောင်းလေးကိုလည်း အေးသင်က ပြောပြထားပါသေးတယ်..။

ဒီကနေ့လေးမှာတော့ Mask တွေ ဝေရင်း ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးကို ပြောပြထားတဲ့ အေသင်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Athen Cho Swe's Facebook Account
Photo Credit - Athen Cho Swe's Facebook Account
Photo Credit - Athen Cho Swe's Facebook Account

Photo Credit - Athen Cho Swe's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။