မော်လ်ဒယ်မင်းသားချောလေး ပိုင်တံခွန် ကတော့ အနုပညာလောကမှာအချိန်အတိုအတွင်း နေရာတစ်ခုကိုအခိုင်အမာရပ်တည်ခဲ့ပြီး ပရိသတ်တွေရဲ့ အသည်းဆွဲချစ်ခင်ရတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်နော်..။ ပိုင်တံခွန်ကိုတော့ ပြည်တွင်းက ပရိသတ်တွေအပြင် ပြည်ပက နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးဝန်ရံမှုတွေကိုအပြည့်အဝရရှိထားတဲ့ မင်းသားချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှုတွေကတော့ ပြည်တွင်း ၊ ပြည်ပ နိုင်ငံတွေမှာလည်း ကြော်ငြာတွေနဲ့ အခြားအနုပညာလှုပ်ရှားတွေကိုလည်းလုပ်ကိုင်နေတာဖြစ်ပါတယ်။

Photo Credit – Htet Paing Ye
Photo Credit – Htet Paing Ye

ယခုမှာတော့ မော်လ်ဒယ်မင်းသားချောလေး ပိုင်တံခွန်ကတော့ အမိုက်စား ဖက်ရှင်ဝတ်စုံလေးကိုဝတ်ကာ မြင်းစီးပြီး အထာကျကျ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကိုတင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးထဲမှာတော့ ပိုင်တံခွန်က မြင်းကိုစီးပြီး ခန့်ညားမှုအပြည့်နဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိအောင် တဖန် ညို့ဖမ်းစားလိုက်ပြန်ပြီလည်းဖြစ်ပါတယ်နော်..။ ဒါ့အပြင် သူရဲ့ ပုံရိပ်လေးတွေကလည်း နှုတ်ခမ်းနီ မလေးရဲ့ ချစ်သက်ကြွေရုံသာမကပဲ ယောကျာ်းလေး ပရိသတ်တွေကိုပါ အားကျရလောက်မယ့် ပုံရိပ်လေးတွေပဲဖြစ်ပါတယ်နော်..။

Photo Credit – Htet Paing Ye
Photo Credit – Htet Paing Ye

ပရိသတ်ကြီးကလည်း ခန့်ခန့်ညားညားကြီးနဲ့ မြင်းကိုစီးပြီး အမိုက်စား ဟန်ပန်အမူရာလေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကိုလည်း အသည်းလေးတွေပေးလိုက်ပါဦးနော်…။ ပိုင်တံခွန်က ချစ်တဲ့ ပရိသတ်တွေအတွက် မြင်းပေါ်က အမိုက်စားပုံရိပ်လေးတွေကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာဖော်ပြပေးထားပါသေးတယ်။ ကဲ့ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ဆွဲဆောင်မှုအပြည့်ရှိပြီး နှုတ်ခမ်းနီမလေးတွေ ချစ်သက်ကြွေစေမယ့် ပိုင်တံခွန် ရဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source - Paing Takhon 's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။