အမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းကိုပိုင်ဆိုင်ထားပြီး ပုရိသတွေရဲ့ရင်ကို လှုပ်ခတ်စေနိုင်တဲ့သူလေးကတော့ မော်ဒယ်မင်းသမီး‌လေးသင်ဇာ၀င့်ကျော်ပါ။ သူမဟာ သရုပ်ဆောင်မင်းသမီးတစ်ယောက်အပြင်sexy modelတစ်ယောက်အနေနဲ့ပါ အောင်မြင်စွာရပ်တည်နေပြီး ပရိတ်သတ်အားပေးမှု ရရှိထားတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါ့ပြင် သင်ဇာ၀င့်ကျော်ဟာ ဟန်ဆောင်မှုမရှိရိုးသားပွင့်လင်းစွာနေထိုင်တတ်တဲ့အတွက်ကြောင့်လည်း လူချစ်လူခင်ပေါများတဲ့ အနုပညာရှင်တစ်ယောက်ဆိုလည်းမမှားပါဘူး။


Photo Credit-Amazing Grace
Photo Credit-Amazing Grace

သင်ဇာလေးဟာ မကြာသေးမီကသူမရဲ့facebookစာမျက်နှာတွင် ဘုရားလဲဖူးလိပ်ဥလဲတူးဆိုတဲ့ captionလေးနဲ့ပုံလေးတွေတင်ပေးလာပါတယ်။ သူမဟာ မြန်မာ၀တ်စုံလက်ရှည်လေးကိုကျက်သရေရှိစွာနဲ့ ၀တ်ဆင်ထားပြီး ဘုရားဖူးရောက်ရှိနေတာဖြစ်ပါတယ်။ သင်ဇာ၀င့်ကျော်တစ်ယောက်ကတော့ ဘယ်လို၀တ်၀တ်ကိုလှနေတာပါပဲနော်။


Photo Credit-Amazing Grace
Photo Credit-Amazing Grace

သင်ဇာ၀င့်ကျော်ပါ၀င်သရုပ်ဆောင်ထားတဲ့ မြမြ ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ဒုတိယပတ်အနေနဲ့ရုံတင်နေပြီပဲဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော ဒီဇာတ်ကားကြီးကိုသွားရောက်အားပေးကြမယ်မလား။ ယဉ်ယဉ်လေးနဲ့လှ‌နေတဲ့သင်ဇာ၀င့်ကျော်ရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Amazing Grace
Photo Credit-Amazing Grace

Source-Thin Zar Wint Kyaw's Facebook acc

Photo Credit-Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။