လှုပ်ရှားမှုတိုင်းကို ပရိသတ်တွေ စောင့်ကြည့်ကာ အားပေးနေရသူလေးကတော့ ယွန်းဝတီလွင်မိုးရဲ့ သားလေး လွင်ထက်(ခ) Liam လေးပဲ ဖြစ်ပါတယ်။ သူဟာ အသက်ငယ်ငယ်လေးနဲ့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ လီလီလုံးလေးကို အနုပညာရှင်များကလည်း အသည်းတွေယားကာ ချစ်မဝဖြစ်နေရတာပါ။ 

Photo Credit- May Thu’s Facebook Account
Photo Credit- Yunwaddy Lwin Moe’s Facebook Page
Photo Credit- May Thu’s Facebook Account

သားလေးရဲ့ အခုဆိုရင် လမ်းကောင်းကောင်းလျှောက်တတ်ရုံသာမကဘဲ စကားတွေကိုလည်း မပီတပီလေး ပြောတတ်နေပြီပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဗီဒီယိုလေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှပေးလေ့ရှိပြီး အားလုံးက စောင့်ကြည့်အားပေးနေကြတာပါ။ အခုမှာလည်း လီလီလုံးရဲ့ အဖွားဖြစ်သူ အန်တီမေသူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ 

Photo Credit- May Thu’s Facebook Account
Photo Credit- May Thu’s Facebook Account

ဒါကတော့ တစ်ယောက်တည်းခုန်ပေါက်ပြေးလွှားကာ ဆော့ကစားနေတဲ့ Liam လေးရဲ့ ချစ်စရာ Video လေး ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် အူတွေအသည်းတွေယားသွားရလောက်အောင် ချစ်စရာကောင်းလွန်းတဲ့ Liam ရဲ့ Video လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit - May Thu's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။