ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး စိုးမြတ်သူဇာကတော့ အမြဲလိုလို နုပျိုလန်းဆန်းနေပြီး ဆယ်ကျော်သက်အရွယ်မိန်းကလေးတွေတောင် သူမရဲ့ အလှတရားတွေကို အားကျနေရတာလည်း ဖြစ်ပါတယ်။ မကြီးစိုးဟာ အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်တာကြောင့်လည်း သူမရဲ့ ပရိသတ်တွေကလည်း အားပေးချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။ မကြီးစိုးဟာ အကယ်ဒမီဆုတွေလည်း ရရှိပိုင်ဆိုင်ထားသူ မင်းသမီးကြီးတစ်လက်ပါ။ 

Photo Credit- Soe Kyi Phyu’s Facebook Account
Photo Credit- Soe Kyi Phyu’s Facebook Account
Photo Credit- Soe Kyi Phyu’s Facebook Account

မကြီးစိုးရဲ့ အမူအရာတွေဟာ တစ်ကားနဲ့တစ်ကား မထပ်ရအောင် သရုပ်ဆောင် ပိုင်နိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ ယနေ့ချိန်ထိ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုနေတဲ့ သမီးအလိမ္မာလေးတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ သူမရဲ့ဖက်ရှင်လေးတွေဟာလည်း အမြဲယဉ်ယဉ်လေးတွေသာ ရွေးချယ်ဝတ်ဆင်တတ်သူ တစ်ယောက်ပါ။ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားပမ်းစား လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ 

Photo Credit- Soe Kyi Phyu’s Facebook Account
Photo Credit- Soe Kyi Phyu’s Facebook Account
Photo Credit- Soe Kyi Phyu’s Facebook Account

အခုမှာလည်း သူမရဲ့ မိခင်ဖြစ်သူ အန်တီစိုးကြည်ဖြူရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ပုံလေးတစ်ပုံတင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သူမရဲ့ လွန်ခဲ့တဲ့ နှစ်(၂၀)ကျော်လောက်က ကြော်ငြာခဲ့ဖူးတဲ့ပုံလေးတစ်ပုံကို တင်ထားတာပဲ ဖြစ်ပါတယ်။ သူမရဲ့ နုပျိုလှပမှုတွေဟာလည်း ယနေ့ထိတိုင်အောင်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲပါပဲနော်။ ပရိသတ်တွေအတွက် ဒီပုံရိပ်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source and Photo Credit - Soe Kyi Phyu's Facebook Account

Photo Credit- Soe Kyi Phyu’s Facebook Account
Photo Credit- Soe Kyi Phyu’s Facebook Account
Photo Credit- Soe Kyi Phyu’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။