ပရိသတ်ကြီးရေ အဆိုတော်စန္ဒီမြင့်လွင်ကတော့ အရမ်းပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး သူမနဲ့ချွတ်စွပ်တူတဲ့သမီးချောလေးကိုလည်း ပိုင်ဆိုင်ထားတာပါနော်။စန္ဒီမြင့်လွင်ကတော့ သမီးလေးမွေးဖွားပြီး လအနည်းငယ်အတွင်းမှာ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီး သမီးလေးကိုလည်းမလစ်ဟင်းအောက် ဂရုစိုက်ပေးနေတာဖြစ်ပါတယ်။

Photo Credit:Sandy Myint Lwin's Facebook account
Photo Credit:Sandy Myint Lwin's Facebook account

စန္ဒီမြင့်လွင်က လတ်တလောမှာဆိုရင်လည်း သီချင်းအသစ်လေးတစ်ပုဒ်ထွက်ရှိထားပြီး လူငယ်တွေကြားမှာအရမ်းရေပန်းစားနေတာဖြစ်ပါတယ်။မေမေစန္ဒီမြင့်လွင်က Treasureလေးနဲ့လည်း အားတဲ့အချိန်တိုင်းမှာ အတူတူဆော့ကစားပေးပြီး လိုလေသေးမရှိအောင်ပြုစုပေးနေတာပါ။စန္ဒီမြင့်လွင်ရဲ့ခင်ပွန်းကလည်း မိသားစုအပေါ်မှာ တာဝန်ကျေပြွန်တဲ့အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။

Photo Credit:Sandy Myint Lwin's Facebook account
Photo Credit:Sandy Myint Lwin's Facebook account

အခုဆိုရင်တော့ မေမေစန္ဒီမြင့်လွင်က Valentine's dayအတွက် ချစ်ခင်ပွန်းဆီကနေ လက်ဆောင်တောင်းလိုက်တာဖြစ်ပါတယ်။စန္ဒီမြင့်လွင်ကတော့"ဖေဖေ ချစ်သူများနေ့မေမေ့ကိုဘာပေးမှာလဲ

ထရက်ရှာလေးနဲ့တစ်ဘ၀လုံးပေးထားတယ်လေ

ဘာလိုချင်လို့လဲ လိုချင်၀ယ်လိုက်လေ

အင်းအင်း

Happy valentine’s day "ဆိုပြီး ချစ်ခင်ပွန်းရဲ့အပြောလေးကို ရေးသားကာ လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေခဲ့တာဖြစ်ပါတယ်။

Photo Credit:Sandy Myint Lwin's Facebook account
Photo Credit:Sandy Myint Lwin's Facebook page

Source&Photo Credit:Sandy Myint Lwin's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။