သဲလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး ရွှေမှုံရတီကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ဦးဖြစ်ပြီး ပရိသတ်တွေသည်းသည်းလှုပ်ချစ်နေရသူလေးပဲ ဖြစ်ပါတယ်..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူ့အသည်းကျော်တစ်ယောက်ဖြစ်သလို ရိုမန်တစ်ပြီး ကြည်နူးစရာအိမ်ထောင်ရေးလေးကိုလည်း ပျော်ပျော်ရွှင်ရွှင်ပိုင်ဆိုင်ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Amazing Grace
Photo Credit - Amazing Grace

ပရိသတ်အချစ်တော်လေး ရွှေမှုံရတီကတော့ အနုပညာအလုပ်တွေကို ဆင်တိုက်လုပ်ဆောင်နေပြီး ချစ်ခင်ပွန်းနဲ့အတူ ဇာတ်ကားတွေလည်းရိုက်ကူးကာ အခမ်းအနားပွဲတွေလည်း တက်ရောက်ဖြစ်နေပြီး သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း အမြဲမျှဝေလေ့ရှိသူပဲ ဖြစ်ပါတယ်..။

ရွှေမှုံလေးကတော့ အခုတစ်ခါမှာလည်း ညို့အားပြင်းပြင်း ဆွဲဆောင်မှုရှိတဲ့ သူမရဲ့ပုံရိပ်လေးတွေနဲ့ ခပ်မိမိလေးဓာတ်ဖမ်းကာ ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်..။

Photo Credit - Li John Photography
Photo Credit - Ko Jason Ya

ဘိုမရုပ်လေးလိုချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိရှိ အချစ်ပိုစေမယ့် ရွှေမှုံလေးရဲ့ ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေ တကယ်ပဲ သဘောကျနေကြမှာပါနော်..။

"My mood.." ဆိုပြီး သူမရဲ့ ဆွဲဆောင်မှုရှိရှိ ပုံရိပ်လေးတွေကို အမိုက်စားလေး မျှဝေထားတာမို့ အဲ့ဒီပို့စ်ရဲ့ အောက်မှာ ပရိသတ်တွေကလည်း သဘောကျတဲ့ Comment လေးတွေ ပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Ko Jason Ya
Photo Credit - Ko Jason Ya

Source - Shwe Mhome Yati's Facebook Account

Photo Credit - Ko Jason Ya & Amazing Grace & Li John Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။