ပရိသတ်တွေရဲ့ အသည်းတွေကို ခြွေယူထားကြတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်ဆယ်လီတွေရဲ့ ရင်သွေးလေးတွေထဲမှာ အဆိုတော်အေသင်ချိုဆွေရဲ့ ချစ်စရာသမီးလေး အိုင်ဗီကလည်း အပါအဝင်ပါပဲ..။

ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေအားလုံးက သည်းသည်းလှုပ်ချစ်နေရတဲ့ အိုင်ဗီလေးကတော့ အရွယ်လေးနဲ့ မလိုက်အောက်လည်း လည်လွန်းတက်လွန်းသူလေးပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Athen Cho Swe's Facebook Account
Photo Credit - Athen Cho Swe's Facebook Account
Photo Credit - Athen Cho Swe's Facebook Account

ပရိသတ်တွေရဲ့ မျက်စိရှေ့မှာတင် တဖြည်းဖြည်းအရွယ်ရောက်လာပြီး ကျောင်းတက်နေတဲ့ အိုင်ဗီလေးကတော့ အခုတစ်ခါမှာလည်း ကျောင်းမှာ သူငယ်ချင်းတွေနဲ့အတူ ကစားရင်းပျော်နေတဲ့ ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်နော်..။

ဒေါက်တာမလေး တစ်ယောက်လို သူငယ်ချင်းကို ဆေးကုပေးနေတဲ့ အိုင်ဗီလေးရဲ့ အသည်းယားစရယပုံရိပ်လေးတွေကတော့ မြင်သူပရိသတ်တွေကို မချစ်ပဲမနေနိုင်အောင် သဘောကျစေမှာပါနော်..။

Photo Credit - Athen Cho Swe's Facebook Account
Photo Credit - Athen Cho Swe's Facebook Account
Photo Credit - Athen Cho Swe's Facebook Account

"အားလုံးပဲ ကိုယ့်ကိုကိုယ် ဂရုစိုက်ကြပါ

နေမကောင်း ဖြစ်ရင်တော့ ဒီ ဆရာဝန်မလေး‌ဆီ လာခဲ့ပါ.." ဆိုပြီး အသည်းယားစရာ ပုံလေးတွေကို မျှဝေထားတာပါ..။

ကဲ.. ပရိသတ်ကြီးရေ ချစ်စရာကောင်းလွန်းတဲ့ ဒေါက်တာမလေး အိုင်ဗီလေးရဲ့ ဆေးကုသမှုလေးတွေကို သဘောကျရင် အသည်းလေးတွေ ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်..။

Photo Credit - Athen Cho Swe's Facebook Account
Photo Credit - Athen Cho Swe's Facebook Account
Photo Credit - Athen Cho Swe's Facebook Account

Source & Photo Credit - Athen Cho Swe's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။