ပရိသတ်တွေ တစ်နေ့ထက်တစ်နေ့အချစ်တွေပိုပိုတိုးလာအောင် လုပ်နိုင်သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ယွန်းဝတီလွင်မိုးရဲ့ သား လွင်ထက်(ခ) Liam လေးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အမူအရာလေးတွေဟာလည်း အားလုံးကို အချစ်တွေပိုစေတာလည်း ဖြစ်ပါတယ်။ လီလီလုံးလေးဟာ လုံးလုံးကစ်ကစ်လေးနဲ့ အရမ်းကို အသည်းယားစရာကောင်းလွန်းနေတာပါ။

Photo Credit- Lwin Moe’s and Yunwaddy Lwin Moe’s Facebook Account
Photo Credit- Lwin Moe’s and Yunwaddy Lwin Moe’s Facebook Account
Photo Credit- Lwin Moe’s and Yunwaddy Lwin Moe’s Facebook Account

ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံဟာလည်း သူတို့ကျောင်းပြန်မတက်ခင်လေးမှာ သားလေးကိုအချိန်ပြည့်ပေးကာ အနားမှာပြုစုစောင့်ရှောက်နေတာပါ။ အဖိုးဖြစ်သူ လွင်မိုးနဲ့ သူ့ဇနီးဟာလည်း မြေးလေးကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်နေတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း လွင်မိုးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Credit- Lwin Moe’s and Yunwaddy Lwin Moe’s Facebook Account
Photo Credit- Lwin Moe’s and Yunwaddy Lwin Moe’s Facebook Account
Photo Credit- Lwin Moe’s and Yunwaddy Lwin Moe’s Facebook Account

ဒါကတော့ ဘောလုံးတွေကို အဝေးသို့ပစ်ကာ ဖိုးဖိုးလွင်မိုးကို လိုက်ကောက်ခိုင်းနေတဲ့ Liam လေးရဲ့ အသည်းယားစရာ Video လေးပဲ ဖြစ်ပါတယ်။ လီလီလုံးလေးဟာ ဘောလုံးကို ဖိုးဖိုးမကောက်ပေးသေးလို့ စိတ်ကောက်နေတဲ့ liam ရဲ့ပုံလေးက ချစ်ဖို့ကောင်းနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် လီလီလုံးလေးရဲ့ အသည်းယားစရာ Video လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source and Photo Credit- Lwin Moe’s and Yunwaddy Lwin Moe’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။