တိုင်းရင်းသူလေးပီပီ စကားပြောဆိုပွင့်လင်းပြီး ရိုးသားလွန်းတဲ့ မင်းသမီးချောလေး နန်းခင်ဇေယျာကတော့ ပရိသတ်အချစ်တွေကို အခိုင်အမာရယူထားတဲ့ သူလေးပဲဖြစ်ပါတယ်။ သူမက အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီး သရုပ်ဆောင်အပြင် သီချင်းတွေကိုလည်း သီဆိုနေတာပဲဖြစ်ပါတယ်။ အသံချိုချိုလေးနဲ့ ချစ်စရာကောင်းတဲ့ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေက အကြိုက်တွေ့နေတာလည်းဖြစ်ပါတယ်။  

Photo Credit; Nang Khin Zay Yar's FB

မြန်မာဆန်ဆန်ဖက်ရှင်လေးတွေကိုသာ အမြဲလိုလိုဝတ်ဆင်တက်တဲ့ သူမကို ပုရိသယောကျာ်းလေးပရိသတ်တွေသာမကပဲ မိန်းကလေး ပရိသတ်တွေကပါ အားပေးချစ်ခင်နေကြတာပဲဖြစ်ပါတယ်။ သူမက ဆံပင်ပုံစံအသစ်လေးကိုလည်း ပြောင်းလဲထားပါသေးတယ်။ အခုလက်ရှိမှာ မင်းသမီးချောလေး နန်းခင်ဇေယျာက ဘုရားပေါ်မှာ ဓါတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအချစ်ပိုစေရန်အတွက် ဖေ့ဘွတ်စာမျက်နှာကနေ တင်ပေးထားတာပဲဖြစ်ပါတယ်။

Photo Credit; Nang Khin Zay Yar's FB

နန်းခင်ဇေယျာက လူလေးကလည်း ချစ်စရာကောင်းသလို စိတ်ထားလေးကလည်း မွန်မြတ်လှပတာကြောင့် ပရိသတ်တွေအချစ်ပိုနေကြမှာ အမှန်ပါပဲနော်။ မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိရှိလှနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနေ်ာ။ မင်းသမီးချောလေး နန်းခင်ဇေယျာရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးဖို့ မမေ့လိုက်ပါနဲ့အုန်းနော်......။

Photo Credit; Nang Khin Zay Yar's FB
Photo Credit; Nang Khin Zay Yar's FB

Photo Credit; Nang Khin Zay Yar's FB

Source; Nang Khin Zay Yar's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။