အကယ်ဒမီခိုင်သင်းကြည်ကတော့ ယနေ့အချိန်ထိတိုင်အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့အချစ်ကို ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်နော်။ခိုင်သင်းကြည်က ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး သမီးတစ်ယောက်အမေလို့ထင်ရက်စရာမရှိလောက်အောင် လှပနုပျိုနေတာဖြစ်လို့ ဆယ်ကျော်သက်အရွယ်သမီးလေးနဲ့တောင် ညီအစ်မတွေလို့ထင်မှတ်ရပါတယ်နော်။

Photo Credit: Oak Kar Lay
Photo Credit: Oak Kar Lay
Photo Credit: Oak Kar Lay

ခိုင်သင်းကြည်ရဲ့သမီးချောလေးဖြစ်တဲ့ စံထိပ်ထားဦးလေးကလည်း အမေတူသမီးလေးဖြစ်လို့အရမ်းချစ်စရာကောင်းပြီး ဘိုဆန်တဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတာပါနော်။ထိပ်ထိပ်လေးကတော့ မေမေ့ရဲ့သွေးအပြည့်ပါတာကြောင့် အနုပညာအလုပ်တွေကို ဝါသနာပါပြီး ကြော်ငြာလေးတွေကိုလည်း တတ်နိုင်သလောက်လေးရိုက်ကူးကာ ပွဲအခမ်းအနားတွေကိုလည်း မေမေခိုင်သင်းကြည်နဲ့အတူတူ တက်ရောက်နေတာဖြစ်ပါတယ်။

Photo Credit: Oak Kar Lay
Photo Credit: Oak Kar Lay
Photo Credit: Oak Kar Lay

အခုဆိုရင်တော့ ထိပ်ထိပ်လေးက AP's TEA ROOM ရဲ့ grand opening ပွဲလေးကို မေမေမပါဘဲသူမတစ်ယောက်တည်းတက်ရောက်လာတာဖြစ်ပါတယ်။ထိပ်ထိပ်လေးကတော့ ပွဲကိုတက်ရောက်လာကြတဲ့ အနုပညာရှင်တွေနဲ့လည်းခင်မင်ရင်းနှီးစွာဆက်ဆံပြီး ဓာတ်ပုံတွေလည်း အတူတူရိုက်ခဲ့တာပါ။ထိပ်ထိပ်လေးရဲ့အပြင်အဆင်လေးကလည်း အရမ်းမိုက်နေပြီး ဆယ်ကျော်သက်အရွယ်ရဲ့အလှတရားတွေပေါ်လွင်နေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit: Oak Kar Lay
Photo Credit:San Htate Htar Oo's Facebook Account
Photo Credit: Oak Kar Lay
Photo Credit:San Htate Htar Oo's Facebook Account

Photo Credit: Oak Kar Lay

Source:San Htate Htar Oo's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။