ပရိသတ်တွေအပေါ်အမြဲစေတနာထားကာ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးပဲ ဖြစ်ပါတယ်။ သူမဟာ အချိန်တိုအတွင်း အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားသူပဲ ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်။ ချီချီဟာ ပြည်တွင်းကကျင်းပတဲ့ ပွဲအခမ်းအနားတွေသာမကဘဲ ပြည်ပနိုင်ငံက ပွဲတွေကိုပါ တက်ရောက်နေရသူတစ်ဦးလည်း ဖြစ်ပါတယ်။  

Photo Credit -Nay Chi Oo's Facebook Myday
Photo Credit -Nay Chi Oo's Facebook Myday
Photo Credit -Nay Chi Oo's Facebook Myday

လတ်တလောမှာလည်း ချီချီတစ်ယောက် ကြော်ငြာလေးတွေ တောက်လျှောက်ရိုက်ကူးနေရပြီပဲ ဖြစ်ပြီး ပွဲအခမ်းအနားတွေလည်း တက်ရောက်နေရတာပါ။ ချီချီဟာ ခွဲစိတ်မှုပြုလုပ်ပြီးနောက်ပိုင်းမှာ အရင်ကထက်ပိုပိုပြီး အလှတွေ တိုးနေတာလည်း ဖြစ်ပါတယ်။ ချီချီဟာ မကြာခဏဆိုသလို Tik Tok လေးတွေ ဆော့ကစားကာ ပရိသတ်တွေကို အမြဲ ဝေမျှလေ့ရှိတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း ချီချီရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ Tik Tok Video လေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ 

Photo Credit -Nay Chi Oo's Facebook Myday
Photo Credit -Nay Chi Oo's Facebook Myday
Photo Credit -Nay Chi Oo's Facebook Myday

ဒါကတော့ နိုင်ငံခြား သီချင်းလေး တစ်ပုဒ်ကို အထာကျကျ သီဆိုကာ ကပြထားတဲ့ ချီချီရဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ Facebook Myday တွင်လည်း အဆိုတော် မေရဲ့ ' Lost " ဆိုတဲ့ သီချင်းလေးကို ခံစားချက်အပြည့်နဲ့ သီဆိုထားတဲ့ ဗီဒီယိုလေးကို ပါ တင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ချီချီရဲ့ ဗီဒီယိုလေးတွေကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit -Nay Chi Oo's Facebook Myday 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။